အပိုင်း ၂၇ [ Unicode Version ]
( ဖြည်းဖြည်းချင်းဖတ်ပါနော် ၊ မလောပါနဲ့ )ဟျိုဆော့ရဲ့ ရုံးခန်းထဲမှာ အခု Baekhyun ကျန်းမာရေးအတွက် ဆွေးနွေးဖို့ရောက်နေတာက Baekhyun တစ်ယောက်တည်း မဟုတ်တော့ဘူး။ ဆေးမှတ်တမ်းတွေကို မယုံနိုင်သလို အမူအယာနဲ့ ခပ်မြန်မြန် တဖြတ်ဖြတ်လှန်လို့ကြည့်နေတဲ့ Yixing ကို အကြည့်လွှဲရင်း Baekhyun ရော ဟျိုဆော့ရော တိတ်ဆိတ်နေတယ်။
" ဒါတွေအကုန်လုံး..
Baekhyun.. Baekhyun မှာ ဖြစ်နေတာတဲ့လား "ကာယကံရှင် ကိုယ်တိုင်က ခေါင်းငုံ့လို့အသံတိတ်နေတဲ့အခါ ဟျိုဆော့သက်ပြင်းချရင်း Yixing ကို ခပ်ဖြည်းဖြည်း အဖြေပေးလိုက်တယ်။
" အင်း... ငါလည်း ဒီကောင်လေးကို အစကတည်းက အကြိတ်ကိုခွဲထုတ်ပစ်ဖို့ဖြောင့်ဖျတယ် ၊ သူကိုက ခေါင်းမာလွန်းနေတာ "
" အဲ့ဒါကို သူတောင်းဆိုတိုင်း ကျွန်တော့်ကိုပါ လျှို့ဝှက်ထားတယ်ပေါ့ ! စီနီယာ !!! "
ဒေါသတကြီး အော်ရင်း ထရပ်လို့ စားပွဲပေါ် ဆေးမှတ်တမ်းတွေ ပစ်တင်ပစ်လိုက်တဲ့ Yixing ကို ဟျိုဆော့လည်း ဘာမှမတုန့်ပြန်နိုင်ဘူး။ မျက်ရိုးတွေကို ဖိနှိပ်ရင်း သက်ပြင်းအခါခါ ချနေရုံပဲ တတ်နိုင်တော့တယ်။
" အေး... ငါမှားတာပါကွာ
အစကတည်းက မင်းကိုပဲဖြစ်ဖြစ် ပြောပြပြီး ကူဖြောင့်ဖျခိုင်းရမှာ "Yixing တလိပ်လိပ်တက်လာတဲ့ ဂရုဏာ ဒေါသတွေကို မနည်းကြိတ်မှိတ်မြိုချရင်း ခါးကိုလက်ထောက်လို့ ခေါင်းငုံ့တိတ်ဆိတ်နေတဲ့ ကာယကံရှင်ဘက်ကို လှည့်ကြည့်လိုက်တယ်။
" Byun Baekhyun !
မင်း စိတ်ရောမှန်သေးရဲ့လား "" ငါစာမေးပွဲကို အရင်ဖြေမှာ "
" ဟေ့ကောင်... မင်း - "
" ငါတစ်နှစ်ပတ်လုံး ဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတာ မင်းလည်းသ်ိတာပဲ.. ခုချိန်ကျမှ အားလုံးကို အလကားအဖြစ်ခံလိုက်ရမှာလား
"Baekhyun ရဲ့ အသံတွေဟာ တုန်ယင်လို့ မော့ကြည့်လာတဲ့ မျက်ဝန်းတွေထဲမှာလည်း မျက်ရည်စတွေ ရစ်သိုင်းနေခဲ့တယ်။ ဟားခနဲ သက်ပြင်းချလို့ တစ်ဖက်ကို လှည့်သွားတဲ့ Yixing ဟာ မျက်နှာကို လက်တစ်ဖက်နဲ့ပွတ်သပ်ရင်း ဘယ်လိုဖြေရှင်းပေးရမယ်မှန်းတောင် မသိတော့ဘူး။
VOUS LISEZ
This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]
Roman d'amourရုတ်ရင့်ကြမ်းတမ်းတဲ့ Mafia တစ်ယောက် အချစ်မှာ နစ်မြောသွားတဲ့အခါ ...( OC မဟုတ်ပါ OTP fiction ပါ ) Warning - Sexual contect alert ❗