အပိုင်း ၂၄ [ Unicode Version ]
ညစာစားရာကနေ အိမ်ကိုပြန်ရောက်ပြီးတဲ့ အချိန် Baekhyun အိမ်ရှေ့မှာ ခြေတွဲလဲချလို့ 15 mins လောက် ခပ်ငိုင်ငိုင် ထိုင်နေခဲ့မိတယ်။ တိတ်ဆိတ်လွန်းနေတဲ့ ပတ်ဝန်းကျင်က ညအချိန်ဖြစ်နေလို့လား။ ဒါမှမဟုတ်...
" အာ... "
သူခပ်တိုးတိုး ရေရွတ်လိုက်မိတယ်။ အသံကထွက်မလာဘူး။
မဟုတ်ဘူး။ သူ့လည်ပင်း အသံအိုးတုန်ခါသွားတာကို သူခံစားမိလိုက်တယ်။ ဒါဆို ပြသနာရှိနေတာက သူ့အသံမဟုတ်ဘူး။
Baekhyun ထိတ်လန့်မှုကြောင့် အနည်းငယ်တုန်ယင်ချင်နေတဲ့ လက်တစ်ဖက်ကိုဖြည်းဖြည်းချင်းမြှောက်လို့ နားရွက်တစ်ဖက်ပေါ်ကို အုပ်တင်လိုက်မိတယ်။
" မကြားရဘူး "
Baekhyun ဟာ အသက်မရှိတဲ့သူတစ်ယောက်လို အမူအယာကင်းမဲ့နေတယ်။ ပုံမှန်အတိုင်းဆို သွေးပျက်ကြောက်ရွံ့နေသင့်တဲ့ ကိစ္စပေမယ့် သူကများ အရမ်းရင့်ကျက်နေလို့လား။
Baekhyun သက်ပြင်းတစ်ခုကို တုန်တုန်ယင်ယင်နဲ့ချရင်း ဖုန်းထဲကနေ message အချို့ ရိုက်ပို့လိုက်တယ်။
. ကျွန်တော့်အိမ်ကို ခဏလာခဲ့ပေးလို့ရမလား စီနီယာ.
လက်ခံတဲ့ ပြန်စာရပြီးတဲ့နောက် Baekhyun ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး နှစ်သိမ့်ပြီး လျှော့ထားလိုက်တော့တယ်။
ယာယီပြသနာလေးတွေပါ ။ အချိန်အပိုင်းအခြားမျှ အမြင်အာရုံဝေဝါးခြင်းနဲ့ ခေတ္တအကြားအာရုံဆုံးရှုံးခြင်းက သူမဖြစ်မနေကျော်ဖြတ်ရမယ့် လက္ခာဏာတွေ မဟုတ်ဘူးလား။
နည်းနည်းလောက်ဆက်သည်းခံလိုက်ရင် ရပါပြီ။ စားမေးပွဲဖြေဖို့က တစ်လပဲ လိုတော့တာ ။ နည်းနည်းလေးပဲ ထပ်အားတင်းထားရင်ရပြီ။
______________________________
" ဟူး... ငါ ဘာလုပ်နေတာလဲ "
လူခြေတိတ်တဲ့ ညအလယ်မှာ ခုထိအိမ်ကို မပြန်သေးဘဲ ကားထဲအချိန်အတော်ကြာထိုင်နေမိရင်းကနေ Chanyeol ခပ်တိုးတိုးရေရွတ်လိုက်မိလေရဲ့။ သူ ဘေဘီ့ကို အိမ်ထိလိုက်ပို့ပေးပြီးပေမယ့် ခုချိန်ထိ ဘာကိုစိတ်မချဖြစ်နေရမှန်းမသိ။ စိတ်ထဲ တထင့်ထင့်ဖြစ်နေရတဲ့ ခံစားချက်နဲ့အတူ ကားကို ရပ်မြဲ ရပ်ထားဆဲ။
BẠN ĐANG ĐỌC
This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]
Lãng mạnရုတ်ရင့်ကြမ်းတမ်းတဲ့ Mafia တစ်ယောက် အချစ်မှာ နစ်မြောသွားတဲ့အခါ ...( OC မဟုတ်ပါ OTP fiction ပါ ) Warning - Sexual contect alert ❗