အပိုင်း ၃ [ Unicode Version ]
Baekhyun ဤ အိမ်လေးတွင် ငှားနေရင်း ဆေးကျောင်းတက်နေတာ 2 လ တိတိပြည့်သွားပြီ ဖြစ်သည် ။ ဆင်ခြေဖုံး ရပ်ကွက်မို့ တစ်ခါတစ်ရံ အသံကျယ်ကျယ်နှင့် အော်ဟစ် ရန်ဖြစ်သံများ ကြားရလေ့ရှိသော်လည်း အများအားဖြင့် တိတ်ဆိတ်နေတတ်သည်။
ဒီနေ့ကတော့ ကျောင်းပိတ်ရက် ညနေခင်းတွေထဲက တစ်ခုမို့ အိမ်ရှေ့မှာထွက်ပြီး စားပွဲခုံပုလေးချလို့ စာထိုင်လုပ်နေ၏ ။ စောစောစီးစီး ရေချိုးထားတာမို့ တီရှပ် အဖြူလေးတစ်ထည် ၊ ဂျင်းဘောင်းဘီတို ဒူးတိ ပွပွလေး တစ်ထည်နှင့် Baekhyun ရှင်းသန့်နေသည် ။
၂ နာရီခန့် စာထိုင်လုပ်ပြီးသွားတော့ Baekhyun မျက်မှန်ဝိုင်းလေးကို ချွတ်ကာ စားပွဲပေါ်တင်ထားလိုက်ပြီး ညောင်းချိနေသော လည်ပင်းလေးကို ဘယ်ညာစောင်းကာ ချိုးလိုက်၏ ။
စာကို အာရုံစိုက်ထားသဖြင့် အီသွားသော စိတ်များ ပြန်လည်လန်းဆန်းသွားစေရန် အသက်ဝဝ ရှူသွင်းရင်း ပတ်ဝန်းကျင်ကို ခဏ အာရုံလွှဲလိုက်တော့ ခြံထဲမှာ သစ်ရွက်ကြွေများ ပွထနေသည်အား မြင်လိုက်ရလေသည် ။
ခြံထဲတွင် တစ်ပင်တည်း ထီးထီးကြီး တည်ရှိနေသော အပင်ကြီးသည် အရိပ်ကောင်းသော်လည်း အရွက်တော့ တအားကြွေသည် ။ ထို့ကြောင့် ယခုလို ညနေစောင်းတိုင်း Baekhyun လှည်းကျင်းပေးရ၏ ။
အခုလည်း အရွက်ကြွေတွေကို မြင်တော့ စာလုပ်နေခြင်းကို ရပ်ကာ ချက်ချင်းကို အိမ်ပေါ်ထက်ကဆင်းလိုက်ပြီး အပင်မှာ ထောင်ထားတဲ့ တံမြက်စည်း အကြမ်းလေးကို ယူလို့ သစ်ရွက်ကြွေလေးတွေကို လှည်းကျင်းရတော့သည် ။
ဆယ့်ငါးမိနစ်လောက် အချိန်ပေးလိုက်တော့ သစ်ရွက်ကြွေများ အားလုံးကို လှည်းကျင်း၍ ခြံထောင့်လေးတွင် စုပုံပြီးလေပြီ ။
ထို့နောက် တံမြက်စည်းကို ခြံအုတ်တံတိုင်းတွင် ထောင်ထားလိုက်ပြီး Baekhyun လက်နှစ်ဖက်ကို ဖုန်ခါ ပစ်လိုက်၏ ။ အဲ့ဒါပြီး ဘာရယ်မဟုတ် အနည်းငယ် လမ်းသလားဖို့ ခြံတံခါးလေးကို ဆွဲဖွင့်လိုက်သော အချိန်တွင် Baekhyun မျက်လုံးတွေ ပြူးကျယ်သွားရတော့သည် ။
![](https://img.wattpad.com/cover/279198987-288-k922634.jpg)
VOCÊ ESTÁ LENDO
This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]
Romanceရုတ်ရင့်ကြမ်းတမ်းတဲ့ Mafia တစ်ယောက် အချစ်မှာ နစ်မြောသွားတဲ့အခါ ...( OC မဟုတ်ပါ OTP fiction ပါ ) Warning - Sexual contect alert ❗