Part 8

200 6 0
                                    

တစ်ခုခုလုပ်ပေးရမယ်

လီပင်းပင်းက ပုံမှန်လိုပဲ တစ်နေ့လုံး ဂိမ်းဆော့နေသည်၊ စုံတွဲကစားရတဲ့ ဂိမ်းတွေနိုင်သည့်အထိ ဘယ်အချိန်ရှိပြီလဲဆိုတာ သတိမထားမိခဲ့။

အခြားဂိမ်းနိုင်တော့ ဆုလာဘ်တွေ စုစည်းသည်၊ အဲတာလုပ်နေတုန်း ဂိမ်းပျောက်ကွယ်ပြီး စခရင်မှာ Kozu ရဲ့ကြောင်လိုမျက်နှာ ပေါ်လာ၏၊

"ဧည့်သည်ရောက်နေတယ်၊ ဘဲလ်တီးတာ ၁၀စက္ကန့်ရှိသွားပြီ"
Kozu မျက်နှာသေနဲ့ သတိပေးလိုက်သည်။

".... 'သူလား'?" လီပင်းပင်းရှုပ်ထွေးသွားသည်။

ဘယ်သူလဲတွေးနေတုန်း ဘဲလ်ထပ်မြည်လာ၏။

"Scan ဖတ်ပြီး သူ့နာမည်ပြောပြ" ပြောပြီး လီပင်းပင်းထိုင်ခုံကနေ မတ်တပ်ရပ်လိုက်သည်၊ ညဘက်ကြီး သူဆီလာလည်မယ့်သူဆိုတာ မရှိ။

အိမ်နီးနားချင်းလား သူစိမ်းလား...လူသတ်သမားများလား?
ဘယ်သူလာလည်လဲဆိုတာ အမျိုးမျိုးဖြစ်နိုင်၏။

အိမ်က လုံခြုံတာကြောင့်
တစ်စုံတစ်ယောက်ခိုးကြောင်ခိုးဝှက်လုပ်မှာ မကြောက်ပေ၊
အခန်းထဲက မထွက်ခင် ငရုတ်ကောင်းရည်ဘူးကို အိတ်ကပ်ထဲ ထည့်ခဲ့သည်။

"သူ့နာမည်က လုရှန်းယွီ၊ မင်းသူငယ်ချင်းယောက်ျားလုရီဖုန်းရဲ့ ညီ၊ လုရှန်းယွီက သူ့အစ်ကိုထက် လက်မအနည်းငယ် အရပ်ရှည်ပြီး ၆ပေ၂လက်မ၊ အထက်တန်းကျောင်းကတည်းက မရေမတွက်နိုင်အောင် ကောင်မလေးတွေနဲ့ အိပ်တယ်၊ အလုပ်က လုပ်ကြံသူဖြစ်ပြီး ဒီနှစ်မှာ ၁၂၅ယောက်သတ်ထားတယ်..." Kozu ခြေရာကောက်လိုက်သည်။

"ဝိုး...မင်းကိုသတ်ဖို့ရောက်လာတာလား?" Kozu မေးလိုက်သည်၊ "Kuro နဲ့ seb ကို နှိုးလိုက်ရမလား?"

"...." ဒီနေရာကို တကယ်ကြီးရောက်လာတာလား? လိပ်စာဘယ်လိုသိသွားတာလဲ? ရှမေ့လင်း ရောင်းစားလိုက်တာလား? မဟုတ်ဘူး...ရှမေ့လင်းအကြောင်းသေချာသိတယ် မဖြစ်နိုင်ဘူး၊ နှုတ်ခမ်းတွေ စေ့ထားရင်း ဘယ်သူကများ လုရှန်းယွီကို လိပ်စာပေးလိုက်နိုင်တာလဲ?

တခြားသူ.. ရှမေ့လင်းနဲ့အတူပါလာတဲ့ သက်တော်စောင့်! အဘိုးကြီး! ဘယ်လိုတောင်လုပ်ရဲတာလဲ?!

အနိုင်ကျင့်ခံရသော ခင်ပွန်းသည်(Myanmar Translation)Where stories live. Discover now