Part 3

409 10 0
                                    


မင်းက အမြဲတမ်းတပုံစံတည်း

အဲအချိန်ကစပြီး ရှမေ့လင်းက
လီပင်းပင်းကို တစ်လနှစ်ကြိမ်အမြဲခေါ်ဆိုခဲ့သည်၊ နောက်တော့ သူရဲ့ အချိန်ဇယားတွေများပြားတာကြောင့် မခေါ်ဆိုတော့သည်အထိ လျော့ပါးလာခဲ့၏။

လီပင်းပင်းလည်း ခုခံစနစ်တွေတည်ဆောက်နိုင်ဖို့အတွက် ရှီဖိန်ဖုန်း၀ယ်ပေးထားတဲ့ တိုက်ခန်းဆီပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့၏။

အစပိုင်းမှာတော့ လီပင်းပင်းရဲ့ပြန်လည်ပြုပြင်မွမ်းမံရန်တောင်းဆိုချက်ကိုအဆောက်အအုံပိုင်ရှင်ဖြစ်သူက မကျေမနပ်ဖြစ်ခဲ့သော်လည်း၊ လီပင်းပင်းရဲ့ကျောထောက်နောက်ခံက ၎င်းကို သူ့အတွက်ဝယ်ပေးခဲ့သည်။

တိုက်ခန်းနဲ့ ဘေးဘက်တွေကို ထောက်ချောက်တွေဆင်သည်၊ လုံခြုံရေးပရိုဂရမ်တွေ တင်းကြပ်စေ၏၊ ငြီးငွေ့မှုကနေ လုပ်ရတဲ့ အကြောင်းအရင်းဖြစ်သည်၊သူကြည့်ဖူးတဲ့အချို့ရုပ်ရှင်တွေရဲ့ လွှမ်းမိုးမှုကြောင့် နေရာကို ကမ္ဘာပေါ်မှာ အလုံခြုံဆုံးဖြစ်အောင် ဆုံးဖြတ်ခဲ့၏။

တစ်လကြာပြီးနောက် သူရဲ့ လုံခြုံရေးပရိုဂရမ်ကို အောင်မြင်စွာဆင်နိုင်ခဲ့သည်၊ ဂိမ်းကစားနေတုန်း Kozu ရဲ့ အသံကိုကြားလိုက်သည်။

"မင်းသူငယ်ချင်း အပြင်မှာ..ပင်းပင်း"

"ငါ့သူငယ်ချင်းလား?" လီပင်းပင်းအသည်းအသန် မေးလိုက်၏၊
"ရှမေ့လင်း"

လီပင်းပင်း သူ့ဖုန်းကို ကြည့်လိုက်တော့ ရှမေ့လင်းဆီကနေ
တိုက်ခန်းအပြင်မှာ ရောက်နေကြောင်း မက်ဆေ့ချ်တွေ့ရသည်။

လီပင်းပင်း ပြုံးလိုက်ပြီး စက္ကန့်အနည်းငယ်တောင်မကြာ ဂိမ်းကို ပစ်ထားလိုက်ပြီး တံခါးသွားဖွင့်လိုက်၏။

တံခါးဖွင့်လိုက်တာနဲ့ သူရှေ့မှာ လှပကြော့ရှင်းတဲ့မိန်းမပျိုလေးရပ်နေသည်၊ နောက်ဆုံးတစ်ကြိမ်တွေ့ခဲ့တာက အချိန်ကြာခဲ့ပြီဖြစ်ကာ အခုရှမေ့လင်းက အရင်ကထက် ပိုလှလာသည်။

ပါးစပ်ထဲထဲကနေ စုပ်လုံးချိုချဉ်ကို ထုတ်လိုက်ပြီး နှုတ်ခမ်းအပြုံးလေးနဲ့ "မေ့မေ့"

အနိုင်ကျင့်ခံရသော ခင်ပွန်းသည်(Myanmar Translation)Where stories live. Discover now