Part 11

644 5 0
                                    

ရှင်နဲ့အပြင်သွားရတာ သဘောကျတယ်

"မစ္စတာလု..ဒီကိစ္စ အရင်ပြောကြမလား?" လုရှန်းယွီကိုဖြတ်ကြည့်၍ မေးလိုက်၏၊ လီပင်းပင်းအမုန်းဆုံးနှင့်အကြောက်ဆုံးက မြွေတစ်ခုတည်းပင်။

"ဘာပြောကြမှာလဲ?" လုရှန်းယွီ ပြုံးကြည့်လိုက်သည်။

"ကောင်းပြီ...." လီပင်းပင်းစကားဖြတ်ချသည်၊ ဒီပြဿနာကနေ သူ(မ)ကိုယ်သူဘယ်လိုဆွဲထုတ်ရမလဲ?။

စက်ဘီးဆီ လျှောက်လာတော့ ခြင်းထဲက မြွေကိုတွေ့သည်၊ လီပင်းပင်း မြွေကိုတွေ့တော့ အဆုတ်ထဲထိရောက်မတတ် အော်ဟစ်မိ၏၊ "အာ!...မြွေ!"

လီပင်းပင်း အလျင်မြန်ခုန်ကာ လုရှန်းယွီနောက်ဝင်ပုန်းလိုက်၏။

လုရှန်းယွီကျီစယ်ရယ်လျက် ကိုင်ထားတဲ့ ပလက်စတစ်အိတ်တွေချလိုက်၏၊ စက်ဘီးဆီ သွားပြီးမြွေကို ဖမ်းကိုင်လိုက်သည်။

လီပင်းပင်း ထိုအရာကိုမြင်တော့ မျက်လုံးပြူးသွားမိ၏၊ ဘယ်လိုတောင် မနှစ်မြို့စရာသတ္တဝါကို ကိုင်ရဲတာလဲ?

"မလုပ်နဲ့... မလုပ်နဲ့ ! ကျေးဇူးပြု၍ မလုပ်ပါနဲ့" သူဆီက အဝေးသို့ ခြေလှမ်းကာ လီပင်းပင်းမျက်ဝန်းစိုစွတ်လာသည်။

မြွေက လုရှန်းယွီလက်မောင်းကိုခန္ဓာကိုယ်နှင့် ပတ်သွားကာ တရှူးရှူးလုပ်နေသည်၊ ကိုင်ဖို့ အဆိပ်မရှိတာကြောင့် လုရှန်းယွီစိတ်မပူပေ၊ ၎င်းက လက်မခန့်ကြီးပြီး ကလေးလက်မောင်းအရွယ်လောက်ပေ။

"အို..လာခဲ့ပါကွာ
ဒီကောင်လေးက တကယ်ကိုချစ်ဖို့ကောင်းတာနော်" လုရှန်းယွီ နှုတ်ခမ်းအပြုံးလေးနှင့် ပြောလိုက်၏၊ ပြုံးပျော်နေတဲ့မျက်နှာပေမဲ့ အေးစက်သော မျက်ဝန်းနှင့်ပေ "ကြည့်...သူ့မင်းကိုကြည့်နေတယ်၊ သူ မင်းရဲ့ အိမ်မွေးလေးဖြစ်ချင်နေတယ်"

"လုရှန်းယွီ အကျင့်မကောင်းတဲ့ကောင်! ချွဲကျိနေတဲ့သတ္တဝါနဲ့ ငါ့နားကပ်ဖို့ မတွေးနဲ့!" လီပင်းပင်း မျက်ရည်ကျတာ ရပ်လိုက်စေပြီး လုရှန်းယွီကို စူးရှစွာကြည့်လိုက်၏။

သူ(မ)ဘက် လုရှန်းယွီ ခြေတစ်လှမ်းလှမ်းကာ "ကိုယ်ကို ဘာလို့ခေါ်လိုက်သလဲ?"

အနိုင်ကျင့်ခံရသော ခင်ပွန်းသည်(Myanmar Translation)Where stories live. Discover now