လူတွေက မင်္ဂလာဆောင်ပြီးရင် ဘာလို့ Honeymoon ထွက်ကြလဲဆိုတာကို သူတို့ ၂ယောက် နားလည်သွားသလိုပဲ .. အရင်ကတည်းက ခိုးချစ်ခဲ့ရတဲ့ Jeno ကတော့ အိတ်ကပ်လေးထဲ ထည့်ခေါ်သွားချင်တယ်ဆိုသလို အပျောက်မခံနိုင်ဖြစ်နေသည် .. Jaemin ကတော့ ဒီခရီးက အပြန်မှာ သူ့နှလုံးသားကို သေသေချာချာ ရှင်းရှင်းလင်းလင်း သိလိုက်သလိုပင် .. သူနောက်ထပ် ဘယ်သူ့အပေါ်ကိုမှ ဒီလိုစိတ်မျိုးနဲ့ ချစ်နိုင်လိမ့်မည်မဟုတ်တော့ပါ ... ဂျယ်ဂျူကနေ လေယာဉ်ပေါ်တက်ကတည်းက Jaemin လက်ကောက်ဝတ်ကို ကိုင်လာတာဟာ အခု Seoul က အဆောင်ရှေ့ရောက်သည်အထိပင်ဖြစ်သည် .. အဆောင်ရှေ့ရောက်တော့ သကြားလုံးလုခံရလို့ ငိုတော့မယ့် ကလေးလို မျက်လုံးလေးက အရည်လဲ့နေပေမယ့် မျက်နှာကတော့ ပြုံးနေသည် ..
"ဘယ်တော့ အိမ်ပြန်လာမှာလဲ ? "
" ... "
အမှန်တိုင်းပြောရရင်တော့ Jaemin က အခုချက်ချင်းကိုပဲ လိုက်သွားပစ်လိုက်ချင်တာပါ .. ဒါပေမယ့် အရှေ့မှာ ပြောထား မူထား ချေထားတဲ့ အရှိန်ကြောင့် ဟန်မပျက်နေနေရတာပေါ့ ..
"မနက်ဖြန်စာမေးပွဲဖြေရမှာ .. စာလုပ်ဦးနော် "
"အင်း ... "
အထဲလည်းမဝင် လှည့်လည်းမပြန်ဘဲ အဆောင်ရှေ့မှာ လက်ဆွဲကာ ဟိုဟိုဒီဒီပြောရင်း ရပ်နေတာ ၁နာရီနီးပါးကြာလာတော့မှ ..
"အထဲဝင်တော့မယ် .. ဂရုစိုက်ပြန်နော် "
Jaemin စကားကြားတော့ ခေါင်းငြိမ့်ပြလိုက်ပြီး အချင်းချင်းကြည့်နေသေးသည် .. ဘယ်သူကမှ စမတောင်းမဆိုဘဲ အချင်းချင်း ဖက်လိုက်ကြသေးသည် ... Jaemin အိမ်ထဲဝင်လာတော့ အိမ်ရှေ့ခန်းမှာ အပြင်သွားမယ့်ပုံစံနဲ့ စီနီယာ အင်ယော့က ထိုင်နေသည် ..
"စီနီယာ ဘယ်သွားမလို့လဲ "
"စာကြည့်ရင်း ညောင်းလာလို့ လေ့ကျင့်ခန်းအနေနဲ့ နည်းနည်းပြေးမလို့ စောင့်နေတာ ၁နာရီလောက်ရှိပြီ .. "
"ဘာကို စောင့်နေတာလဲ "
"ဒါနဲ့ မနက်ဖြန်ကျရင် အမြွှာလေးက စစ်မှုထမ်းတော့မှာလား ? ငါ့မှာ ထွက်ရနိုး ပြန်ဝင်ရနိုးနဲ့ ဝေခွဲလို့မရဘူးဟေ့ .. သွားတော့မယ် "
![](https://img.wattpad.com/cover/276676451-288-k747521.jpg)
YOU ARE READING
How To Take Him To Be Mine (JenoJaem/NoMin)
FanfictionJeno ~~ Leader of Student Council , Class Leader , Smart Student , Only Two Friends , Control Over Jaemin , possessive , Crush on Jaemin Jaemin ~~ Normal Student , Playful , Want to date , want to play online game , Didn't know about Jeno's Trap Re...