*PC Room သို့ အလည်တစ်ခေါက် *"ဪ .. Game ဆိုင်သွားဖို့တောင် အချိန်ကရှိသေးသားပဲ .. ဒါနဲ့များ စာလုပ်နေတာဆိုပြီး ရယ်စရာတွေလာပြောနေတယ် "
"Heyrim ah .. တစ်ယောက်တည်း ပွစိပွစိနဲ့ ဘာတွေပြောနေတာလဲ ? "
ဖုန်းကြည့်ရင်း ပွစိပွစိလုပ်နေသော Park Hyerim နားကို သူငယ်ချင်း ၂ယောက်ရောက်လာသည် ...
"ဘာမှမဟုတ်ပါဘူး ... ရည်းစားဟောင်းကြောင့် ဒေါသထွက်နေတာ "
"နင့်ကောင်လေးက ချောပြီး နင့်ပေါ်လည်း ကောင်းတယ်ဆို ? ဘာလို့လမ်းခွဲလိုက်တာလဲ ? "
"အေးဟေ့ .. ငါ့ကောင်လေးမှာ ကောင်လေးရှိနေလို့ဟေ့ "
Park Hyerim ရဲ့ စကားကို သူငယ်ချင်းမတွေက နားမလည်စွာ ကြောင်ကြည့်နေတော့ ..
"ငါ့ကောင်လေးက ငါ့ပေါ်ကောင်းပေမယ့် သူ့ပေါ်ကောင်းတဲ့ သူ့ကောင်လေးကို မလွန်ဆန်နိုင်လို့ လမ်းခွဲလိုက်တာ ဟုတ်ပြီလား ?? "
အဲ့တော့မှ သူရွဲ့ပြောနေတယ်ဆိုပြီး သူငယ်ချင်းမတွေက ရယ်ကြသည် ...
"ဒါနဲ့ နင့်ကောင်လေးက သူတို့ကျောင်းကမလား "
"ဟုတ်လား ?? နာမည်ဘယ်သူလဲ ? နင်ပြောသလို ချောတယ်ဆိုရင် နာမည်ကြားရင် သိလောက်မှာ "
ပြန်မပြောချင်တော့ပေမယ့် သူငယ်ချင်းတွေက အတင်းမေးနေတာမို့
"Na Jaemin .. "
"ဪ ....... Na Jaemin လား ? "
Jaemin နဲ့ တစ်ကျောင်းတည်းတက်နေတဲ့ သူငယ်ချင်းက ခေါင်းညိတ်ပြရင်း
"နင်ပြောတဲ့ သူ့ကောင်လေးဆိုတာ Lee Jeno မလား ? ကျောင်းက ကောင်မလေးတွေ ပြန်မကြိုက်လို့ တခြားကျောင်းထိတောင် ခြေဆန့်နေပုံပဲ "
YOU ARE READING
How To Take Him To Be Mine (JenoJaem/NoMin)
FanficJeno ~~ Leader of Student Council , Class Leader , Smart Student , Only Two Friends , Control Over Jaemin , possessive , Crush on Jaemin Jaemin ~~ Normal Student , Playful , Want to date , want to play online game , Didn't know about Jeno's Trap Re...