16 : Let's Go Out

664 96 6
                                    

ဒါက ဘယ်နှကြိမ်မြောက်မနက်ရောက်သွားတာလဲ ? ကျွန်တော့်အတွက်တော့ မျက်နှာကျက်အဖြူဟာ လင်းလိုက် မှိန်လိုက်သာပြောင်းလဲသွားသည် .. ကျွန်တော့်မျက်လုံးတွေက အိပ်မပျော်သွားပေ .. တခါတလေ အိပ်ပျော်သွားတာလား ? Black out ဖြစ်သွားတာလား ? ကိုယ်တိုင်ပင်မသိ .. မှတ်မိသလောက်တော့ ဒီကုတင်ပေါ်မှာ လှဲလိုက်တာဟာ နှစ်သစ်ကူးကျောင်းပိတ်ရက်ရှည်အစတွင်ဖြစ်သည် .. သူနဲ့ပြသနာဖြစ်ပြီး ကျွန်တော်ပင်ပန်းနေပြီမို့ အိပ်ရာမှာလှဲလိုက်ပြီး ပြန်မထဖြစ်တာ ဘယ်နှရက်ရှိပြီလဲ ကျွန်တော်မသိ‌ပါ ..

တီ တီ တီ တီ

တံခါး password နှိပ်သံကြားနေရသည် .. သူပြန်လာတာများလား ? ဝေဝါးနေတဲ့အမြင်ဟာ ကျွန်တော့်နာမည်ခေါ်ပြီး လှုပ်နှိုးမှုကြောင့် ပြတ်သားစွာမြင်လိုက်ရသည် ..

"In .. Jun ? .. "

"မင်းဘယ်လိုတောင်ဖြစ်တာလဲ ? ဒီလိုနေနေတာ ဘယ်နှရက်တောင်ရှိနေပြီလဲ ? မဟုတ်မှ အဲ့နေ့ကတည်းကလား ? "

" ငါလေ .. သူမရှိဘဲ ဘယ်လိုနေရမလဲ ? ငါ့ဘဝထဲကနေ သူ့ကို ဖယ်ထုတ်လိုက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး .. တခါလေးမှတောင် သူ့ကိုငါ့ဘဝထဲကနေ ထုတ်လိုက်ဖို့ မတွေးဖူးဘူး "

"အဲ့နေ့က Jaemin ငါ့အိမ်မှာလာအိပ်သွားတာ .. မနေ့ကဘဲ သူ့အိမ်ကို ပြန်သွားတယ် .. မင်းလည်း တစ်ခုခုထစားဦး .. အားပြတ်ပြီး ဆေးရုံရောက်နေဦးမယ် "

In Jun ဟာ ကုတင်ပေါ်က အားပြတ်နေတော့မယ့် လူနာလို ကျွန်တော့်ကို ဆွဲထူဖို့ကြိုးစားနေတယ် ..

"ဘာမှစားချင်စိတ်မရှိပါဘူး .. ငါဗိုက်လည်းမဆာဘူး "

"မင်းကလည်းကွာ ... ထပါဟ ! "

"အဲ့ဒီတော့ သူရောအဆင်ပြေလား ? ငါ့ဆီကနေထွက်သွားရတော့ ပျော်တယ်တဲ့လား "

"အဲ့လိုဖြစ်စရာလား "

"ဒါဖြင့် ကောင်မလေးရသွားတော့ ပျော်နေတယ်မလား "

"မပျော်ဘူးတဲ့ "

"အဲ့လိုဖြစ်စရာလား "

"ငါလည်း အတတ်နိုင်ဆုံးမင်းဘက်ကနေ ပြောပေးထားတယ် .. ကျန်တာ သူ့အပိုင်းပဲ .. တကယ်လို့များ သူက ဒီမှာ လာပြန်နေခဲ့ရင် မင်းရဲ့ဒီလိုပုံစံနဲ့ သူ့ကို လူနာပြုစုခိုင်းမလို့လား ? မင်းက လန်းဆန်းပြီး အဆင်ပြေနေရမှာလေ .. ဒါမှ သူလည်း စိတ်အဆင်ပြေမှာပေါ့ "

How To Take Him To Be Mine (JenoJaem/NoMin)Where stories live. Discover now