21 : Introvert Problem

595 68 4
                                    

တစ်အိမ်ထဲ တစ်ခန်းထဲ တစ်အိပ်ယာထဲကနေ အတူတူနိုးထလာရတာဟာလည်း ကံကောင်းခြင်းတစ်မျိုးပါပဲ ... အရင်က Twin Bed နဲ့ တစ်ကုတင်စီအိပ် နေရာကနေ အခုတော့ ကုတင်ကိုပူးကပ်လိုက်တာမို့ လက်မအနည်းငယ်အကွာဝေးမှာ ကိုယ်ချစ်တဲ့သူအိပ်ပျော်နေတာကို မြင်တွေ့နိုင်လေပြီ ..

၉ကြိမ်မြောက်မြည်လာတဲ့ Alarm ကို ပိတ်လိုက်ပြီး ထထိုင်လိုက်တယ် .. အိပ်ချင်းမူးတူးဖြစ်နေတဲ့ မျက်လုံးကို ပွတ်ရင်း ဘေးမှာ အိပ်မောကျနေဆဲဖြစ်တဲ့ Jaemin ကို တစ်ချက်ကြည့်ရင်း ‌စောင်ပြန်ခြုံပေးကာ ထလာလိုက်တယ် ... ရေချိုးပြီးထွက်လာတဲ့အခါ တစ်ကြိမ် ၊ သွားဖို့ ဖီးလိမ်းပြင်ဆင်နေရင်း တစ်ကြိမ် ၊ အဝတ်လဲနေရင်းတစ်ကြိမ် နှိုးပေမယ့် ထမလာတာမို့ Jaemin ရဲ့ ကိုယ်ပေါ်မှာ မှောက်လိုက်ပြီး ပါးနှစ်ဖက်ကို လက်ညှိုးနဲ့ အသာလေးထိုးကာ

"Jaemin ah .. ထတော့ .. သွားဖို့ နောက်ကျနေပြီ ... အခုမထရင် ကလိထိုးတော့မှာနော် "

"ထမယ် .. ၅မိနစ်ပဲ "

"မင်းအဲ့လိုပြောလာတာ မိနစ် ၂၀ရှိနေပြီ ... ထထ ... ငါချီသွားပြီး ရေဖြန်းမှာနော် "

"ကျစ် ~~ "

Jaemin ဟာ ကျွတ်တစ်ချက်သပ်လိုက်ပြီး မျက်လုံးမှိတ်လျက်သား ရေချိုးခန်းထဲဝင်သွားတယ် ...

"ရေချိုးခန်းထဲထိုင်နေရင် ငါရေလာဖြန်းမှာနော် "

တခြားအတွဲတွေက ဘာကြောင့်ရန်ဖြစ်လေ့ရှိလဲ မသိပေမယ့် သူတို့ကတော့ မနက်အိပ်ယာနှိုးတိုင်း ရန်ဖြစ်မတတ် ဖြစ်ကြသည် ..

Jaemin ပြင်ဆင်နေတာကို မနက်စာစားရင်းစောင့်နေလိုက်ပြီး အဆင်သင့်ဖြစ်ပြီဆိုတဲ့အခါ အသင့်ထုတ်ပိုးထားတဲ့ မနက်စားဗူးကို လက်ထဲထည့်ပေးကာ အတူတူကျောင်းကို ထွက်လာကြတယ် ...

[စီးပွားရေးဆိုင်ရာ ပညာဌာန ]

" Na Jaemin ? "

"ဟုတ်ကဲ့ "

"မင်းက အစ်မတို့ အဖွဲ့ထဲမှာကျတယ်နော် "

Assignment project အတွက် ၄ယောက်အဖွဲ့တွေ ခွဲကြတဲ့အခါ Jaemin က စီနီယာ ၃ယောက်နဲ့ တူတူကျတယ် .. မိန်းကလေးစီနီယာ ၂ယောက်က တတိယနှစ်ကဖြစ်ပြီး ယောက်ျားလေး စီနီယာက စစ်မှုထမ်းမှာမို့ ဒုတိယနှစ်မှာ ကျောင်းနားပြီး ကျောင်းပြန်တက်တဲ့ စီနီယာ ဂွန်ဝူး .. တတိယနှစ်က စီနီယာ ဂျိုယွန်းကလည်း ကျောင်းနားပြီး ပြန်တက်တဲ့သူ .. နောက်ထပ် တတိယနှစ်က စီနီယာ ရိုဟီးက စီနီယာ ဂွန်ဝူး နဲ့အတွဲ .. သူတို့အတွဲဟာ Project ကို စိတ်ဝင်စားပုံလည်း မရတဲ့အပြင် Project အတွက် ကူညီလုပ်ကိုင်ကြမည့်သူများမဟုတ်ပေ .. ဒါကြောင့် ဒီ Project ကို များသောအားဖြင့် Jaemin နဲ့ Jo Yeon ကသာ လုပ်ကြရတယ် ..

How To Take Him To Be Mine (JenoJaem/NoMin)Where stories live. Discover now