Part (2) Unicode

118 10 12
                                    

ရေချိုးသန့်စင်ပြီးနောက်တွင် ၊ sofaတွင်ထိုင်၍ TVကိုသာ ကြည့်နေသော ကောင်လေးအား ရှိလို့ရှိနေမှန်း သတိရတော့လေသည်။ တစ်ဦးတည်းနေရတာ သဘောကျသဖြင့်
ကောင်လေးကို မခေါ်ထားချင်သော်လည်း ကောင်လေးက တည်ရှိနေခြင်း မရှိသကဲ့သို့ပင် ဆိတ်ငြိမ်လွန်းလှသည်။

"သူမှ စကားမပြောတတ်တာ "

sofa ကိုသွားကြည့်ရာ ကောင်လေးက အိပ်တောင်ပျော်နေပြီ ဖြစ်လေသည်။ မိမိလက်ထောက်က မပြန်ခင် ကောင်လေးအား "TV ကြည့်ချင်လား?" ဆိုပြီး သူ့အိမ်ပမာ၊
ဖွင့်ပေး သွားခဲ့လေသည်။ Ezrahလည်း လုပ်စရာရှိတာတွေနှင့်သာ မိမိအခန်းတွင် အလုပ်ရှုပ်နေသဖြင့်၊ ထိုကောင်လေးကို ရေချိုးပြီးမှသာ သတိရလေတော့သည်။

" Hey တစ်အူးပိုင် Hey !! boy "

လှုပ်နှိုးလိုက်တော့၊ မျက်လုံးဝိုင်းဝိုင်းလေးတွေအား ဖြေးညင်းစွာ ဖွင့်လိုက်ပြီး Ezrahကို ၆စက္ကန့်လောက် ကြည့်နေပြီးမှ အပျင်းကြောဆန့်ကာ ပြန်ပိတ်သွားလေသည်။

​(Burmese boy လေးက အဆန်းပဲ)

ဒူလောက် ဂျင်းဘောင်းဘီရယ် t shirt over size နှင့် အရပ်ကလည်း ၅ပေ၆ လောက်ရယ်သာရှိလိမ့်မည်။

Air con ကိုအနည်းငယ်လျော့လိုက်ပြီး စောင်အပါး တစ်ထည်နှင့်သာ ခြုံပေးပြီး ခေါင်းချအနားယူရန် မိမိအခန်းသို့သာ လှည့်ထွက်လာလိုက်သည်။ ဝတ်ထားသော T shirt ခါးစကနေ တင်းကတည်းဖြစ်သွားကာ....

လက်နုနု ဖောင်းဖောင်းလေးတွေနှင့် ဆွဲထားလေသည်။

"ဘာလိုလို့လဲ?"

ကောင်လေးက ဖုန်းကို စမ်းရှာပြီးကာမှ .....

[ ကျွန်တော် တစ်ယောက်တည်း မအိပ်ချင်ဘူး ]

" eng လိုရေးတတ်လား မဟုတ်လဲ  translate ပေး...ငါမြန်မာစာ မဖတ်တတ်ဘူး "

[ don't leave me alone ! I wanna sleep with you]

" တစ်ယောက်အထက်ဆို မအိပ်တတ်ဘူး "

[ but I can't sleep alone ]

" ငါ့ကို အနှောက်အယှက်ပေးရင် ...ညတွင်းချင်း လမ်းလျှောက်ပြန်ရမယ်  Ok?"

[ I swear !! ]
[your pronunciation is too bad and my E skill too
bro A lhyar lyke kan ]

" bro အနောက်ကဟာ ငါမဖတ်တတ်ဘူး။ နေတော့ ..မင်းကြည့်ရတာ အတော်ငယ်ပုံပဲ မိဘနဲ့ ခွဲမအိပ်ဖူးလို့များလား "

You're the (One), all I want  [Completed]Where stories live. Discover now