🤍Extra🤍

107 9 0
                                    

"Hello"

" Delivery ကုမ္မဏီကပါ။Mr. Ezrah ပါလား? ခင်ဗျာ"

" ဟုတ်ပါတယ်"

" Mr.Ezrah ဆီ ပို့ဆောင်ပေးဖို့ ပစ္စည်းတစ်ချို့ရောက်နေလို့ပါ။ လိပ်စာလေး တစ်ချက်လောက် ပြောပြနိုင်မလား? "

" Sorry .... ခုက အလုပ်ကိစ္စနဲ့မို့ ... ဖြစ်နိုင်ရင် ညနေလောက်မှ ကျွန်တော်ကိုယ်တိုင်ပဲ ပစ္စည်းကို လာယူလိုက်ပါမယ်။ ဘယ်ကုမ္မဏီကလဲမသိဘူး?"

"အာ.... ရပါတယ်ဗျာ ....ခုရှိနေတဲ့ နေရာပဲပြောပြပေးပါ။
ကျွန်တော် လာပို့လိုက်ပါမယ်။စိတ်မရှိပါနဲ့"

"Okey .. #%@/လမ်းက Japanese စားသောက်ဆိုင်မှာပါ"

" ဟုတ်ပြီ Sir . ..နောက်နှစ်ရာရီလောက်ထိ အဲ့မှာရှိနိုင်သေးလား? "

" ရှိတယ်"

" Ok Sir "

*English လိုပြောကြခြင်းဖြစ်သည်။

ဟူး ~~~~~ 

"ဒီကာလတစ်လျှောက်မှာ လူတစ်ယောက်နဲ့ စကားအပြန်အလှန်ပြောဖြစ်တာပဲ ....တောင်းပန်ပါတယ်!!
ကျွန်တော် ခင်ဗျား မျက်နှာလေးကိုပဲ ခဏလောက်ဖြစ်ဖြစ် ထပ်မြင်ချင်သေးလို့ပါ......ခဏလေးပါပဲ"

Ezrah မိတ်ဆွေဟောင်းတစ်ဦးနှင့် လုပ်ငန်းအရ ပြန်ဆုံကြရာမှ နေ့လည်စာစားရင်း စကားပြောကြရန် အကြောင်းဖန်သွားလေသည်။

" Ezrah!!! ရှင်က မပြောင်းလဲသွားဘူးနော်!!  ခုထိ တစ်ယောက်တည်းပဲလား? ရှင် တကယ်ပဲ အခုထက်ထိ
Luxury ထက်....ဘာကိုမှ တန်ဖိုးမထားနိုင်သေးပုံပဲနော်"

" အင်း ... ဆိုပါတော့ "

" ရှင်က..... အိပ်ယာပေါ်မှလဲ အရမ်းကောင်းတယ်။ ရှင်ရဲ့
သီးသန့်နေထိုင်တတ်တာ ၊ချောမောတာ၊ ထူးချွန်တာမျိုးတွေက မိန်းကလေးတိုင်းအတွက် လိုအင်ပဲ။ ရှင့်ရဲ့ ဘဝကြီးအတွက်....ကျွန်မတောင် အစားဝင်ပြီး ....နှမြောမိနေပြီ"

Ezrah ဆာကေး တစ်ခွက်ကို မော့ချပြီးခါမှ ....

" အတိတ်က ကိစ္စတွေအတွက်... မကျေမနပ်ဖြစ်နေတုံးလား? "

"Oh ....မဟုတ်ပါဘူး.... ကျွန်မရဲ့ ဇနီးနဲ့ ဆုံခွင့်ရခဲ့တာအတွက်တောင်.....ကျေးဇူးတင်ရအုံးမယ်"

You're the (One), all I want  [Completed]Where stories live. Discover now