Part (3) Unicode

86 12 0
                                    

"ဆရာ ....ကျွန်တော် one အကြောင်းတွေသိလာတယ် "

ကျောက်မျက်ပြပွဲမှ အပြန်လမ်းတွင် Driver seat မှ လွန်းက လှမ်းပြောလိုက်လေသည်။

မင်းတစ်ဦးပိုင်ဆိုသည့် ကောင်လေးသည် Ezrah's Villaတွင် နေထိုင်နေသည်မှာ တစ်လကျော်ရှိနေပြီးဖြစ်သော်လည်း စကားလည်းမပြော၊ သူနေထိုင်ရာ အိမ်သာသိရုံမှတစ်ပါး ဘာမှမသိရပေ။ Ezrahသည် sign language ကိုတတ်ထားသော်လည်း Oneက နားမလည်သောကြောင့်၊ ထို language ကို မသင်ဖူးတာလား? ဒါမှမဟုတ် မွေးရာပါစကားမပြောတတ်ခြင်းမျိုး မဟုတ်လောက်ဟု Ezrah နှင့် လွန်း တွေးမိဖူးသည်။

" ဘာတွေလဲ? " 

" ဒီမှာဆရာ....ဒီစာအိတ်ထဲမှာ ပုံနှစ်ပုံတွေ့ထားတယ်" 

Driver seat နှင့် Lover seat ကြားရှိ inovareမှ ယူကာပေးလိုက်လေသည်။

Ezrah က ဖွင့်ကာ အထဲမှ မိသာစုပုံ နှစ်ပုံကို ထုတ်ကြည့်လိုက်သည်။ ပြိုင်ပွဲတစ်ခုတွင် ရိုက်ထားသည့် ပုံမျိုးပင်။

"ငါမှ သူတို့ကိုမသိတာ "

" အယ် ...ဆရာရယ် ကျွန်တော်က ပြောပြမှာလေ "

"အေးပြော"

"  မြန်မာပြည်က...စီးပွားရေးလုပ်ငန်းရှင်ထဲက ဦးမင်းဦးရဲ့မိသားစုပုံပါ "

"နာမည်ပြောလည်း ငါမသိဘူးလေ "

" ဆရာရယ် ... လာမယ်လေဗျာ ကျွန်တော်က introပဲဝင်ရသေးတာ "

Ezrah ရှေ့မှ မောင်းနှင်နေသူကို တစ်ချက်လောက်ပဲ ဖြစ်ဖြစ် ဖြတ်ရိုက် လိုက်ချင်တော့သည်။

" အဲ့ပုံထဲမှာ မင်းတစ်ဦးပိုင်ကို တွေ့လား? ဆရာ"

"ဟမ်"ပြောမှသာ  ပြန်ကြည့်မိလေသည်။

မိသားစု ၄ယောက်ပုံ ဖြစ်လေသည်။ One နှင့် အနည်းငယ်ဆင်ပေမယ့် လုံးဝ မတူနေသောကြောင့် Ezrah စစကြည့်ချင်း သတိ မထားမိလိုက်တာဖြစ်လေသည်။

မျက်လုံးအရောင် တောက်တောက်လေးတွေနှင့် မိခင်ဖြစ်သူ၏လက်ကို တွယ်ချိတ်ထားကာ ကင်မရာကို ပြုံးပြနေတဲ့ကောင်လေး.....

(ဒါက One ပဲ)

" ဆရာ...သူ့မိဘတွေက လွန်ခဲ့တဲ့ ၅လက ဆုံးသွားတယ်တဲ့။ ဘေးက ... သူ့ အကိုလေ၊ သူ့ အကိုကပဲ လုပ်ငန်းတွေကို ဆက်ပြီး ဦးဆောင်နေတာ။ သူတို့က ညီအကိုအရင်းမဟုတ်ဘူးလဲပြောကြတယ် .... One ကစကားပြောတတ်တယ် ... သူမိဘတွေဆုံးသွားတော့ Shock ရပြီး၊ နှစ်လလောက် ဆေးရုံ တင်ထားလိုက်ရတယ်တဲ့။ အဲ့ကစပြီး ခုလိုဖြစ်သွားပုံပဲ.."

You're the (One), all I want  [Completed]Where stories live. Discover now