Unicode
(စာစစ်မထား)
စာသင်ချိန်မရောက်သေးလို့ထိုင်နေတုန်းရှိသေးတယ်....
"ဟိတ်!!"
"ဟင် ချစ်စု ပြောတော့တစ်လလောက်နေမှာဆို ၊ ခုဘယ်လိုဖြစ်တာလည်းပြောပါအုန်း"
သူ့အဖွားရွာမှာတစ်လလောက်သွားနေမယ်ဆိုပြီးခုတော့ဗြုန်းစားကြီးပြန်ချလာတာကြောင့် ဦးသျှံမေးလိုက်ချင်း..၊ ချစ်စု နာမည်အပြည့်အစုံကချစ်စုခင် ဦးသျှံရဲ့သူငယ်ချင်းမလေး ပွင့်ပွင့်လင်းလင်းနဲ့ခင်ဖို့ကောင်းတယ်၊လူတစ်ဖက်သားကိုလည်းကူညီတက်တဲ့စိတ်ထားအမြဲရှိတယ် ..။ချစ်စုခင်ဆိုတဲ့အတိုင်းအချစ်တွေကောခင်မင်မှူတွေကောစုနေတဲ့ကောင်မလေး၊ကျောင်းမှာဆိုလည်းသူ့ကိုကြိုက်တဲ့ယောက်င်္ကျားလေးတွေအများကြီး ဦးသျှံတို့ ခန့်တည် တို့ရှိနေလို့သာအနားမကပ်ရဲကြတာ....။ခန့်တည်ဆိုတာလည်း ဦးသျှံယောက်င်္ကျားလေးသူငယ်ချင်း..။ခန့်တည်ကတော့ အစအနောက်အရမ်းသန်တယ် ချစ်စုနဲ့ဆိုရန်ခဏခဏဖြစ်တယ် ချစ်စုကမကြိုက်မှန်းသိရင်ခန့်တည်ကလိုက်စနေကော သူ့တို့နှစ်ယောက်ကကြောင်နဲ့ကြွက် အဟင်းး ၊ ဦးသျှံမှာရှားရှားပါးပါး သူငယ်ချင်းဆိုလို့ ချစ်စုနဲ့ခန့်တည်သာရှိသည်။ခုတော့ ဘေးကရုပ်တည်ကြီးနဲ့ ကြွယ်ကောပေါ့...။
"ဟိုမှာမနေချင်လို့ပေါ့ဟ၊ ဟီးဟီး ဒါနဲ့ နင့်ဘေးကဘယ်သူလဲ"
" ငါနေ'နေတဲ့အိမ်က အိမ်ရှင်လေ "
"ဪ ၊ ဟီးဟီး ငါ့နာမည်ကချစ်စုခင်"
"အင်း"
အဲ့ချစ်စုဆိုတဲ့ကောင်မလေးစဝင်လာကတည်းကမြင်ဖူးတယ်ဆိုပြီးကြည့်နေတာ ဟိုတလောတုန်းက သျှံနဲ့စကားတွေပြောပြီးရီမောနေတဲ့တစ်ယောက်ပဲ၊ ခုလည်းစရောက်ကတည်းက အရှေ့ခုံကနေအနောက်ခုံဖက်ကိုလှည့်ပြီး တဟီးဟီး နဲ့အချိူးကိုမပြေဘူး ၊ ခုလည်း ရှိသမျှသွားအကုန်ဖြဲပြီးသူ့ကိုယ့်သူမိတ်ဆက်ပြနေတယ်...။သျှံကဘယ်လိုလူတွေနဲ့ပေါင်းမှန်းကိုမသိဘူး ၊ဟိုတစ်ခါမုန့်ဆိုင်မှာတွေတဲ့ မိန်းကလေးကျတော့လည်း ပျစ်ချွဲနေတာပဲ တကယ်စိတ်ပျက်စရာတွေ..။
YOU ARE READING
𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete ❯
Romanceထက်ဦးသျှံ-လင်းသစ်ကြွယ် ❮ Complete ❯ [own creation] ⌠ ᴜɴɪᴄᴏᴅᴇ - ᴢᴀᴡɢʏɪ ⌡ sᴛᴀʀᴛ ᴅᴀᴛᴇ >>> ⌠ 17.9.2021 ⌡ ᴇɴᴅ ᴅᴀᴛᴇ >>>>> ⌠ 22 .11.2021 ⌡