part 27

1.1K 91 0
                                    

Unicode

သော်မှူးစစ် တစ်ယောက်စာမေးပွဲဖြေပြီးတစ်ပတ်ကြာချစ်သူငယ်ချင်းကြီးလင်းသစ်ကြွယ်ရှိရာသို့လိုက်လာခဲ့ပါသည်။မတွေ့တာလည်းကြာပြီမလား၊ဒင်းကိုပြန်လာပြီးငါ့ရှိလာခဲ့လို့ပြောရအောင်လည်း ဒင်းကလင်ချစ်ခင်လေ သူ့လင်နဲ့ခွဲရမှာဆိုးလို့လာမှာမဟုတ်ဘူး အဲ့တာကြောင့်မို့ မှူးကပဲအဲ့သူတောင်းစားရှိလာရတော့တာပေါ့..။အရေးအကြောင်းဆိုငှားစီးလာတဲ့ကားကပျက်ပြီ တော်သေးတာပေါ့အလင်းပေးတဲ့လိပ်စာရဲ့လမ်းထိပ်မှာကားကပျက်သွားတာမို့ မှူးလမ်းထဲကိုကိုယ့်အထုတ်ကိုယ်ဆွဲပြီးလမ်းသာလျှောက်လာခဲ့လိုက်သည်။လိပ်စာကြည့်လျှောက်လာတုန်း အလင်းတို့ခြံကိုတွေ့တာမို့ သွားယုံရှိသေး ခြံရှေ့မှာဟိုချောင်းဒီချောင်းနဲ့ပုပုသေးသေးလေး သူခိုးလားဘာလည်းမသိဘူး အတွေးမဆုံးသေးဘူး အမယ်သူနောက်မှာလူတစ်ယောက်လုံးရပ်နေတာကိုသတိမထားမိဘူးခြံထဲကိုကြည်အသားကုန်ချောင်းနေတာ ခေါ်မယ်ကြံတုန်း ကိုယ့်ခြေထောက်လာနင်းတဲ့လူကြောင့်..

"အာ့!! ‌မင်း!! "

ဟင်!!! လှလိုက်တာ..နေပူရှိန်ကြောင့်မျက်နှာလေးကရဲရဲလေးဖြစ်လို့ ဒါအပြင်ချွေးစလေး‌တွေဟိုတစ်စဒီတစ်စနဲ့မို့ ပိုပြီးကြည့်ကောက်းနေသလို ဒါအပြက်မှူးကိုမျက်မှောင်ကျူံကြည့်နေတာမို့ မျက်ခုံးတန်းအောက်ကမျက်ဝန်းလေးတွေကမှူးကိုသဘောမကျကြောင်းတွေအထင်းသား ထို့အပြင် ဆူထွက်မလိုဖြစ်နေတဲ့နှုတ်ခမ်းစိုစိုလေး..အားးပါးးးပါးးး ဒီလောက်လှတဲ့သူခိုးတစ်ခါမှမမြင်ဖူးဘူး..။

ရှေ့ကအသေကောင်ကြောင့်‌ကောင်းကင်စိတ်ညစ်သွားရသည်။‌ညီလေးစာမေးပွဲပြီးပြီးချင်းလိုက်လာချင်ပေမဲ့ အိမ်မှာရှိတဲ့ကိစ္စတွေကလည်းကောင်းကင်လုပ်ပေးခဲ့ရတာမို့တစ်ပတ်လောက်ကြာမှထွက်လာခဲ့ဖြစ်သည်။လာမယ်ဆိုတဲ့အကြောင်းကိုမပြောမိတာကြောင့် လာကြိုမယ့်လူလည်းမရှိသလို ခြံထဲလှမ်းကြည့်တော့လည်းဘယ်သူမှမတွေ့ရ..ထို့အပြင်လှမ်းခေါ်တော့လည်းဘယ်သူမှထွက်မလာ၊ နေတာပူနေတာမို့သေချင်စိတ်တွေတောင်ပေါက်တယ်..ဒါအပြင် လူကိုသေမလို့စိန်ကြည့်နေတဲ့ရှေ့ကလော‌ရှည်ကောင်ကြောင့်လူကပိုပြီးသေချင်စိတ်တွေပေါက်တယ်။

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Donde viven las historias. Descúbrelo ahora