Unicode
"စာမေးပွဲပြီးအဖြေပေးနော်"
စာမေးပွဲအတည်ကြီးဖြေနေရတာကိုဘယ်လိုမှမနေပဲ ဘေးနားကနေအငြိမ်မနေဘဲအဖြေတောင်းနေတဲ့ခန့်တည်အား..
ဂွတ်စ့်!!
"အာ့!! ချစ်စု ဘာလို့ခေါက်တာလဲ"
"ဟင်!! ဘာလို့ခေါက်တာလဲဟုတ်လား..၊ စာမေးပွဲခန်းထဲဝင်ခါနီးတောင်နှာကြောထနေလို့လေ!! မှတ်ပြီလား"
"ငါနော်...ငါ...ငါချစ်လို့သည်းခံနေတာနော် ၊ ပြီးတော့ ecoဖြေရမှာလေအေးဆေးပေါ့"
"အေးဟေ့ အဲ့မှာအေးဆေးနေလိုက်!!"
တစ်ခုမကျန်ပြန်ပြောနေတဲ့ချစ်စုကိုကြည့်ပြီးခန့်တည်ရီချင်လာပါသည်။ကိုယ့်သာတစ်ခုမကျန်ပြန်ပြောတာ လင်းသစ်နဲ့ဘာတစ်ခုမှပြန်မပြောရဲဘူး ဟိုကဘုနဲ့ဘောက်တွေပြောတော့..အဟက်!..။
ရည်းစားစကားပြောထားတာလည်းကြာပြီ အဖြေပေးဆိုတာကိုမပေးဘူးလှည့်ပတ်နေတယ် တကယ်ပါပဲ ကိုယ့်အချင်းချင်းပဲတန်းတွဲလိုက်ပေါ့ ဘာနစ်နာစရာရှိလို့လဲ..(အေးလေ မိန်းကလေးပဲဘာနစ်နာစရာရှိလို့လဲနော် ခန့်တည်မှန်တယ်)။ခုတော့ဘာတွေစဉ်းစားနေမှန်းမသိဘူး...။***********************
"ကြွယ်! ကိုယ်ဒီမှာ"
စာမေးပွဲခန်းထဲကထွက်ထွက်ချင်းအလင်းကိုလက်ပြကာလှမ်းခေါ်တဲ့သျှံကြောင့် သျှံနားကိုအလင်းအပြေးသွားလိုက်ရပါသည်။သျှံစာမေးပွဲဖြေရတဲ့အဆောင်ကကျောင်းဝင်ပေါက်/ထွက်ပေါက်နဲ့နီးတဲ့အဆောင်မို့သျှံကအလင်းထက်အရင်အပြင်ရောက်နေချင်းဖြစ်သည်။အရင်အပြင်ရောက်ပေမဲ့လည်းခုအလင်းကိုစောင့်နေတာ နေရိပ်ထဲမှာမစောင့်ဘဲနေပူကြီးထဲမှာထွက်စောင့်နေတဲ့လူကြောင့်...
"နေရိပ်ထဲမှာတော့မစောင့်ဘူး"
"ကြွယ် ကိုယ့်ကိုမမြင်မှာဆိုးလို့လေ"
"ဒါပေမဲ့ မင်းနေပူတယ်လေ"
"ဒီလောက်လေးပူတာကတော့ရပါတယ်ကွာ"
"ရတယ်ဆိုလည်းပြီးတာပဲ!! ၊ ဖြေနိုင်တယ်မလား??၊ အောင်စရင်းထွက်လို့အောင်ရင်မင်းဘာလုပ်မှာလဲ?"
![](https://img.wattpad.com/cover/285446387-288-k971250.jpg)
VOCÊ ESTÁ LENDO
𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete ❯
Romanceထက်ဦးသျှံ-လင်းသစ်ကြွယ် ❮ Complete ❯ [own creation] ⌠ ᴜɴɪᴄᴏᴅᴇ - ᴢᴀᴡɢʏɪ ⌡ sᴛᴀʀᴛ ᴅᴀᴛᴇ >>> ⌠ 17.9.2021 ⌡ ᴇɴᴅ ᴅᴀᴛᴇ >>>>> ⌠ 22 .11.2021 ⌡