Unicode
ကျေးငှက်တို့ရဲ့တွန်ကြူးသံနှင့်အတူမနက်ခင်းနေရောင်ခြည်ဖြာဖြာလေးကအခန်းလေးတစ်ခန်းရှိလူသားနှစ်ယောက်အပေါ်ကျရောက်လာခဲ့သည်။နိုးထလာချင်းနဲ့အတူလူကိုဖက်လုံးတစ်လုံးလိုထင်းကြပ်စွာဖက်ထားသောလူကြောင့်ဦးသျှံထလို့မရ...၊ဘေးကအိပ်နေတဲ့လူကိုလှည့်ကြည့်လိုက်တော့ ဘေးတစောင်းလေးအိပ်နေလို့ထင်ပါ့ မို့တက်နေ့တဲ့ပါးဖောင်းဖောင်းလေးတစ်ဖက်နဲ့ကော့ညွှန့်နေတဲ့မျက်တောင်တစ်စုံ၊ထို့အပြင်အမြဲတည်တင်းနေတဲ့နှုတ်ခမ်းတစ်စုံကခပ်ဟဟလေးအပြင်ဆေးမကူဘဲရဲနေတဲ့နှုတ်ခမ်းသားလေးတွေ...ထိကြည့်ချင်မိတယ် ၊ 'ကြွယ်'မင်းကငါ့ကိုပြုစားနေသလားတောင်ထင်မိတယ် ၊ ဦးသျှံလက်ကလေးကြွယ်နှုတ်ခမ်းသားလေးကိုထိကြည့်မိ၏ အိအိလေး..နမ်းကြည့်ချင်တယ်....ကျစ်!! ထက်ဦးသျှံရေဘာတေတွေးနေတာတုန်းဟ!!! ဟိုကသိလက်သီးနဲ့အထိုးခံရဦးမယ် ၊ မင်းကကောဘာကိစ္စနမ်းကြည့်ချင်တဲ့အထိတွေးပစ်တာလဲ လူကကျပ်မပြည့်ချင်တော့ဘူးထင်တယ်....။
"ကြွယ်!! ကြွယ်!! "
"ဟင်!! အင်းးးးး"
"ထလေ ကျောင်းသွားရဦးမှာ"
"အင်း ငါးမိနစ်"
အပြင်းကြောဆန့်နေပြီးလူကိုတင်းနေအောင်ထက်လာဖက်ပြီးလက်ငါးချောင်းထောင်ပြကာသူငါးမိနစ်ထပ်အိပ်ဆိုပြီးဦးသျှံကိုအတင်းဖက်အိပ်နေတဲ့ကြွယ်..။ကြွယ်အသက်ရှုသံမျှင်မျှင်လေးကဦးသျှံလည်ပင်းနားကိုလာရောက်ကျီဆယ်နေသေး၏။အလိုက်မသိတဲ့ရင်ဘက်ထဲကအကောင်ကပါထခုန်နေတာကြွယ်ကြားမကြားတော့မသိ ဦးသျှံကတော့ ကိုယ့်ရင်ခုန်သံကိုယ်ကြားပြီးလန့်ချင်သလိုတောင်ဖြစ်မိတယ်။
အလင်းပြုံးမိပါသည်။ချစ်ရသူနဲ့အတူနိုးထရတဲ့မနက်ခင်းကပိုပြီးပြည့်စုံသလို၊သူ့ကိုတင်းနေအောင်ဖက်ထားတာကိုခွာချပြီးထမသွားဘဲငြိမ်နေတဲ့လူကြောင့် ရင်ဘက်ပေါ်လက်တင်ထားတာမို့သူ့ရင်ထဲကအကောင်ပေါက်ခုန်နေတာသတိထားမိပါတယ် ၊ သျှံကရင်ခုန်နေတာလား ၊ငါနဲ့နီးကပ်နေတာကိုရင်ခုန်နေတာလား?၊ဒါငါ့အတွက်အခွင့်အရေးလား...၊ဒီနေ့ကစပြီးငါကမင်းနှလုံးသားအိမ်ငယ်လေးထဲကိုတစ်ဆင့်ခြင်းစိဝင်လာမှာမို့ မင်းကငါ့အတွက်တံခါးလေးဖွင့်ပြီးမူလနေရာလေးမှာရပ်စောင့်နေပေးပါ...။

أنت تقرأ
𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete ❯
عاطفيةထက်ဦးသျှံ-လင်းသစ်ကြွယ် ❮ Complete ❯ [own creation] ⌠ ᴜɴɪᴄᴏᴅᴇ - ᴢᴀᴡɢʏɪ ⌡ sᴛᴀʀᴛ ᴅᴀᴛᴇ >>> ⌠ 17.9.2021 ⌡ ᴇɴᴅ ᴅᴀᴛᴇ >>>>> ⌠ 22 .11.2021 ⌡