Unicode
October
နှစ်တစ်နှစ်၏ ၁၀လပိုင်း ၊ Octoberပြီးလျှင် နှစ်ကုန်ရန် ၂လသာလိုသည်။ 2020 October ၊ မနှစ်ကOctoberတုန်းကသူတို့တွေ့ဆုံခဲ့ကြသည်။
သို့သော် ရူးမိုက်သည့်ကောင်လေး တစ်ယောက်ကြောင့် နှစ်ယောက်စလုံး ဆက်ဆံရေးပျက်စီးသွားခဲ့သည်….။
နှစ်ယောက်စလုံး ပြန်လဲ မတွေ့ဖြစ်ခဲ့ကြတော့ပေ။•••
1st October 2020
ပန်းရောင်ဆံနွယ်ပိုင်ရှင် ကောင်လေးတစ်ယောက်သည်
ခေါင်မိုးထပ်တွင် စီးကရက်တစ်လိပ်ကို ခံစားချက် ကင်းမဲ့နေသည့် မျက်နှာဖြင့် သောက်နေလျက်….Octoberလအစ ညနေခင်းကို ဆွေးဆွေးမြေ့မြေ့ ဖြတ်သန်းနေသည်။ရှေ့မှာ မြင်နေရသည့် ပင်လယ်ကြီးကလဲ ထိုကောင်လေးစိတ်ကို မအေးချမ်းစေနိုင်။ တက်လိုက် ကျလိုက်ဖြစ်နေသည် ရေလှိုင်းများကို ထိုကောင်လေး သဘောမကျ။ဘာတွေ စိတ်အလိုမကျဖြစ်နေရတာလဲနှင့် ပတ်သက်လျှင် အဖြေတွေအများကြီးရှိသည်။
ပထမတစ်ခု ၊ မေမေနောက်အိမ်ထောင်
ပြုသွားသည်။ဒုတိယတစ်ခု ၊ ဖေဖေသတ်သေသွားခဲ့သည်။
တတိယတစ်ခု ၊ ရှေ့လျှောက် မရေရာတဲ့ အနာဂတ်တွေကြောင့် အသက်မရှင်
ချင်တော့ဘူး။ဒီစီးကရက်တစ်လိပ်ကို ကုန်အောင်သောက်ပြီး နိမ့်ချေ မြင့်ချေ ဖြစ်နေသည့်ဘဝအကြောင်းကို ပြန်သုံးသပ်ချင်မိသည်။ လူဆိုတာ စိတ်ဓာတ်ကျလျှင် ပြန်အားတင်းပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရတယ်
မဟုတ်လား ။ သို့သော် ဒီရက်ပိုင်း ဒီလို အသက်ပြန်ရှင်ချင်စိတ် ပျောက်ဆုံးသွားပြီ….။ အဖန်ဖန် ထိုးနှပ်နေတဲ့ လောကဓာတ်ကို ပြန်တွန်းလှန်ဖို့ ခွန်အားလဲမရှိတော့ ၊ အရှုံးပေးဖို့ စိတ်သာရှိသည်။သတ်သေရင် ပြီးသွားမယ်မဟုတ်လား။ မေမေက ဂရုစိုက်ပေးစရာမလိုတော့ပဲ ဖေဖေ့နောက်ကိုလဲ ဖြောင့်ဖြောင့်တန်းတန်း လိုက်သွားနိုင်မယ်။ သို့သော် သေသွားတာလဲမဟုတ် ၊ အသက်ရှင်နေတာလဲမဟုတ်ပဲ ဘေးနားကလူတွေစီကနေ ပျောက်ကွယ်
သွားကြည့်ချင်သည်။
![](https://img.wattpad.com/cover/287040764-288-k821745.jpg)
YOU ARE READING
We fell in love in October
FanfictionNI-KI don't try to run away from me - SN - [ NI-KI & Kim Sunoo ]