This Oct is Different

914 109 4
                                    

Unicode

October ကုန်ခါနီး ဖြစ်၍ ဆောင်းလေးအေးတို့ တိုက်ခတ်နေသည်။ ဆောနူ အနေဖြင့် နှစ်တိုင်း၏ October လတိုင်းတွင် ရင်ဘတ်များ အောင့်လာရတော့သည်။ ဘာဖြစ်လဲ သေချာမသိ အဖြေရှာမရတဲ့ ရောဂါ တစ်ခုပင် ဖြစ်သည်။ ကလေးဘဝမှ စ၍ အသက် နှစ်ဆယ်ကျော် အစိတ် ဖြစ်သည့်တိုင် ပျောက်ကင်းသွားခြင်း မရှိခဲ့။

ဝိုးတိုးဝါးတား အိမ်မက်တွေကြား ဆောနူရဲ့ နှလုံးသားထက် စွဲနေသည့် နာမည်မှာ နှစ်လုံးတည်း။

" နီခီ"

-

ဆောနူ မြင်ဖူးပါသည်။ နောက်ကျောပြင်ကို ရင်းရင်းနှီးနှီး မြင်ဖူးပါသည်။ အိမ်မက်ထဲရှိ ကောင်လေးကို ရင်းရင်းနှီးနှီး သိကျွမ်းနေသည်။
ကျောဖက်လေး မြင်နေရတာတောင် ဆောနူအတွက်တော့ ခြေမကိုင်မိ လက်မကိုင်မိ။ ဝဲတက်လာသည့် မျက်ရည်တွေနဲ့အတူ အနားကိုရောက်သည့်အခါ လုပ်လိုက်မိသည်မှာ တစ်ခုတည်း ။ ပါးပြင်နုနုလေးအား ပွတ်သပ်လိုက်ရင်း နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသည့် အမည် တစ်ခု။

" နီခီ "






" ဆရာက အရင်ဘဝဆိုတာကို ယုံလားဟင် "

" ယုံတာပေါ့ လူတွေက သေပြီးရင် ဘာဖြစ်ကြမလဲ ဘယ်ရောက်မလဲ သေချာမသိကြဘူးလေ နောင်ဘဝဆိုတာကို ယုံတယ် အရင်ဘဝကိုလဲ
ယုံတယ်  "

" အင်း ကျွန်တော်လဲ ယုံတယ် "

" နီခီ ငါတို့ တစ်နေရာရာမှာ တွေ့ဖူးသလား ဆရာ မင်းကို သိပ် မမှတ်မိတာနဲ့ "

" တွေ့ဖူးပေမယ့် မတွေ့ဖူးဘူး လို့ မှတ်လိုက်ပါတော့ ဆောနူ "

" မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တယ် "

" ကင်မ်ဆောနူ တွေ့ရတာဝမ်းသာပါတယ် ကျွန်တော် က နီရှီမူရာ ရီကီပါ ဒီတစ်ခါတော့ ခင်ဗျား နားမှာ အကြာကြီး နေပေးနိုင်တော့မှာလေ သိရဲ့လား အဆိုးလေး "

" ဒီတစ်ခါတော့ အများကြီး ပြုံးရယ်နေတာပဲနော် ကျွန်တော် ဝမ်းသာမိတယ် သိရဲ့လား ဆောနူ "






ဆောနူ ကျောင်းဆေးခန်းတွင် နိုးလာတာမှ လွဲ၍ ကျန်တာ သေချာမမှတ်မိတော့သော်ငြား အတန်းချိန် နီးပြီ ဖြစ်၍ စိတ်ရှုပ်ထွေးစွာဖြင့် အတန်းထဲ ဝင်ခဲ့လိုက်တော့သည်။ သူ မှတ်မိတာ ပုံရိပ်ယောင်တွေသာ သူ ကျောင်းသားလေး တစ်ယောက်ရဲ့ ပါးပြင်ကို ပွတ်သပ်နေခဲ့တာ … ထို့နောက် ဆက်မတွေးတော့ပဲ ပြုံးရွှင်နေသော မျက်နှာဖြင့်သာ အတန်းထဲရှိ ကျောင်းသားများအား နှုတ်ဆက်ရင်း

" ဆရာ ဒီမှာ ကျောင်းသားသစ် ရောက်တယ် "

ဆောနူ အနေဖြင့် ကျောင်းသားသစ်ကို စိတ်မဝင်စားနိုင်သေး။ ကျောက်သင်ပုန်းပေါ်တွင် စာတွေချရေးရင်းသာ စိတ်မပါလက်မပါ ဖြစ်နေသော အသံဖြင့်

" အင်း နာမည်ကရော "

" နီရှီမူရာ ရီကီပါ "

နာမည်ကို ကြားလိုက်သော ဆောနူသည် အံ့ဩနေသော အရိပ်အယောင်အပြည့်ဖြစ်နေ၍ အညိုရောင် မျက်ဝန်းလေးများက ပိုမို ဝိုင်းစက်သွားတော့သည်။

-

The End

Special Chapter
Next life လို့ တွေးလိုက်ပြီး နီခီက အကုန် မှတ်မိနေပြီး ဒီတစ်ခါတော့ ဆောနူကို ပြုံးပျော်နေအောင်လို့ အစကနေအဆုံးထိ ကာကွယ်ပေးသွားမယ့် ကောင်လေး ဖြစ်သွားပါပြီ။

221031

-

We fell in love in OctoberWhere stories live. Discover now