October

1.4K 178 21
                                    

Unicode

ခေါင်မိုးထပ် ၊ သူနှင့် နီခီ ပထမဆုံး တွေ့ခဲ့သည့်နေရာဖြစ်သည်။ထိုနေရာတွင် သူတို့ ပြန်တွေ့ကြရန် ဆုံးဖြတ်လိုက်ကြသည်။ ကောင်းကင်ကြီးပေါ်တွင် မီးခိုးရောင် တိမ်စိုင်များ
နေရာယူလျက် ဘယ်အချိန် ငိုမလဲ မသိနိုင်။
ကောင်းကင်ကြီး ငိုတော့မည်ဆိုတာကိုတော့ သိသည်။

"ဆောနူ ရောက်ပြီလား"

"အင်း"

"ဆောနူ မျက်နှာ မကောင်းပါလား.. ဘာဖြစ်တာလဲ ပြော"

"ဟင့်အင်း အဆင်ပြေတယ်"

သူပြုံးပြလိုက်ရင်း နီခီ့ကို ပြေးဖက်ထားလိုက်သည်။ မဟုတ်လောက်ပါဘူး....အဲ့ဒါ မဟုတ်လောက်ပါဘူး။ သူအခုထိ ထိတွေ့လို့ရသေးတယ်လေ။ တကယ်တမ်း..ဟုတ်နေတာလဲ သူသိသည်။ သူလက်မခံနိုင်တာသာ ဖြစ်သည်။

နီခီသည် သူ့ခေါင်းကို ခပ်ဖွဖွပွတ်ပေးရင်း ရယ်သည်။ နီခီ ရယ်နေသည်။ နီခီရယ်နေတာကို သူ မော့ကြည့်နေရင်း
မျက်ရည်များဝဲလာသည်။

"ဒီနေ့ည ဘာလုပ်ကြမလဲ မီးပန်းဖောက်ကြမလား"

"နီခီ...ငါ သိချင်တာရှိတယ် တစ်ခါကလေ မင်း ငါ့ အခန်းထဲဝင်လာတာလေ အဲ့ဒါ ဘယ်လိုဝင်လာလဲ"

"ဒီတိုင်း..."

ဒီတိုင်းတဲ့လား...။

"ပြောစရာရှိနေတယ်မလား မျက်နှာလဲ မကောင်းဘူး ဘာဖြစ်တာလဲ ပြောပါဆို.."

"Octoberကုန်ရင် ငါ့ကိုထားခဲ့မှာလား.."

"ဟမ်"

ပြန်မဖြေဘူး...။ နီခီဟာ သူ့ကိုပြန်မဖြေဘူး။ အဖြေရှိလျက် သနားလို့ ပြန်မဖြေတာ...။

"ထားခဲ့မယ်ဆိုတာသိတယ်..."

သူနီခီ့ရင်ခွင်ထဲ ဝင်ရင်း အော်ဟစ်ငိုကြွေးလိုက်သည်။ ဘယ်တုန်းကတည်းက မြိုသိပ်ထားရတာတွေပါလိမ့်။
သူဟာ အကျယ်ကြီး အော်ငိုနေလျက် နီခီ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားမိသည်။နီခီဟာ သူ့ကျောပြင်ကို ပွတ်ပေးနေရင်း စကားလုံးအချို့တို့ကို ပြောသည်။ သို့သော် နားမဝင်နိုင်တော့။

•••

"နီရှီမူရာ မိသားစုကများလား"

"ဟုတ်မယ်ထင်တယ်...အန်တီ"

We fell in love in OctoberWhere stories live. Discover now