042 - အချိန်က ဘာအရေးပါဦးမှာလဲ
သူ ဓာတ်လှေကားထဲကို ဝင်လိုက်ပြီးတော့ အထူးတပ်ဖွဲ့ ဌာနချုပ်ရှိရာ အနိမ့်ဆုံး အလွှာကို ဆင်းလာခဲ့တယ်။ သူ သေသပ်ကြီးမားတဲ့ စားပွဲတစ်ခုက လွဲရင် ဘာမှမရှိတဲ့ အခန်းကျယ် တစ်ခုဆီကို သွားခဲ့တယ်။ အဆောင်အယောင် အပြည့် စစ်ဝတ်စုံနဲ့ လူတစ်ယောက်က စားပွဲနောက်မှာ ထိုင်နေခဲ့တယ်။
“ဆရာ”
“အချိန် အတော်လေး ကြာခဲ့ပြီ ... ကာနယ် ဘာတန်။ မင်း အမေဇုန်က ပြန်ရောက်ရုံ ရှိသေးတာမို့လို့ ခွင့်ရက်ပေးသင့်တယ် ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ နေ့လယ်က ဓာတ်ခွဲခန်းထဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် အကြောင်းလည်း မင်းသိခဲ့လိမ့်မယ်လို့ ငါထင်ပါတယ်။ ငါတို့ရဲ့ သိပ္ပံပညာရှင်တွေက ဇွန်ဘီတွေကို သုတေသန လုပ်နေခဲ့ကြတယ်။ ဓာတ်စမ်းပစ္စည်း ထိုးသွင်းတဲ့ နေရာမှာ တစ်ခုခု လွဲမှားသွားပုံရပြီး ဇွန်ဘီကို ချုပ်နှောင် ထားတာတွေကို ကျိုးဖျက် သွားနိုင်ခဲ့တယ်”ဂေါ်ဒန်က သူ့လက်တွေကို စားပွဲတင်လိုက်ပြီး လက်ချောင်းတွေကို ယှက်ရင်း သူ့ရှေ့ကလူကို ကြည့်နေခဲ့တယ်။ ဟိန့်ဘာတန်ရဲ့ မျက်နှာပေါ်မှာ အနှောင့်အယှက် တစ်စုံတစ်ရာ ရှိနေပုံ မပေါ်ဘဲ အမူအရာက မထုံတက်သေး ဖြစ်နေခဲ့တယ်။ သူ့ရဲ့ ဖိနှိပ်ထားတဲ့ တိတ်ဆိတ်မှုက ဂေါ်ဒန်ကို ငြီးငွေ့ လာစေတယ်။
“အဲဒီ အဖြစ်အပျက် ဖြစ်ပွားတုန်းက သုတေသီလေးယောက် ရှိနေခဲ့တယ်။ သူတို့ပြောပြချက် အရ ... သူတို့ သုံးသပ် လိုက်တာကတော့ ဓာတ်စမ်းပစ္စည်း အကြောင်းပဲ။ ဟိန့် ... မင်းရော ဘယ်လိုထင်လဲ”
“Systemက ကျူးကျော်ထိုးဖောက် ခံရပြီး သုတေသီ လေးယောက်ရဲ့ လုံခြုံရေး ဖယ်ရှား လိုက်မှုကြောင့် terminal setting တွေကလည်း ပြောင်းလဲကုန်တယ်”
“ဒီလူက တော်တော်လေးကို စဉ်းလဲလွန်းတယ်။ ဇွန်ဘီကို လွှတ်ပေးလိုက်ရတဲ့ ရည်ရွယ်ချက်ကိုရော ဘယ်လို ယူဆလဲ”
“ဝရုန်းသုန်းကား ဖြစ်စေဖို့ ဖန်တီးတာ”
“အဲဒီလိုဖြစ်အောင် လုပ်ရတဲ့ ရည်ရွယ်ချက် ကရော”