045

799 161 10
                                    

045 - သူအသက်နဲ့ စတေးပြီး မစွန့်စားနဲ့

“ဆာစ် ...”ဂျိန်းန်က ရှောင်ရန်ကို စူးစူးနင့်နင့် ကြည့်လိုက်ပြီးတော့မှ သူ့အကြည့်တွေကို ဂေါ်ဒန်ဆီကို ရွေ့လိုက်တယ်။ သူက ခေါင်းခါယမ်း လိုက်တယ်။

”ဆာစ် ... ဘယ်ရီက အဆင်ပြေမယ်လို့ မထင်ဘူး။ သူက ပျော့ညံ့တယ်။ နောက်ဆုံး အကြိမ်တုန်းက ... ကြားဖြတ် နှောင့်ယှက်သူတွေက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ဒေတာတွေကို အရယူလို့နီးပါး ဖြစ်ခဲ့တယ်။ သူက ဇွန်ဘီ တစ်ကောင်နဲ့တောင် ရင်မဆိုင်နိုင်ဘူး။ ဒီတိုင်း ကလေး သာသာပါပဲ။ ပိုပြီး အတွေ့အကြုံရှိတဲ့ နည်းပညာသမား တစ်ယောက် ပို့ပေးပါ။ စစ်ဆင်ရေး လုပ်နေတဲ့ အရေးကြီး အချိန်ကျမှ အော်ဟစ် ငိုယိုမနေသရွေ့ သူဘာလုပ်လုပ် ကျွန်တော် ဂရုမစိုက်ဘူး”

ဂျိန်းန်ရဲ့ အမူအရာက အလွန်အမင်းကို ထေ့ထေ့ငေါ့ငေါ့ ဖြစ်နေခဲ့တယ်။

ဗိုလ်ချုပ် ဂေါ်ဒန်က မေးထောက်လိုက်ပြီး ဂျိန်းန်နဲ့ ဟိန့်ဆီကို ကြည့်လိုက်တယ်။ နောက်ဆုံးမှာတော့ သူ့အကြည့်တွေက ရှောင်ရန်ပေါ်မှာ ကျရောက် သွားတော့တယ်။

”ဒါဆို ငါ ... ဗိုလ်ကြီး ဘယ်ရီနေရာမှာ ရှောင်ရန်ကို အစားထိုးပေး လိုက်မယ်”

“ဒါက တကယ်ကောင်းတဲ့ အကြံပဲ။ ကျွန်တော် သူ့ကို သေချာစောင့်ရှောက် ပေးနိုင်တာပေါ့။ ကျွန်တော်တို့ အဖွဲ့လည်း သူ့ဦးနှောက်ရဲ့ interface rate နဲ့ နည်းပညာ အကျိုးကျေးဇူးလေး ခံစားခွင့် ရတာပေါ့”ဂျိန်းန်ရဲ့ ဟက်ဟက်ပက်ပက်ကို ပြုံးရွှင် လာခဲ့တယ်။

ဟိန့်ရဲ့ မျက်လုံးတွေကတော့ ဗိုလ်ချုပ်ဂေါ်ဒန် အပေါ်မှာ ရှိနေပြီး ဒေါသတွေ၊ သတိပေးနေမှုတွေနဲ့ တောက်လောင် နေခဲ့တယ်။

ဘာ ... ဘာ ... လက်ရွေးစင် တပ်ဖွဲ့နှစ်ဖွဲ့က ကြီးမားတဲ့ စစ်ဆင်ရေးအတွက် တာဝန်ပေးခံ ရပြီး သူတို့ရဲ့ နည်းပညာ အတိုင်ပင်ခံအဖြစ် လက်သစ်ပေါက်စ ကလေးကို လိုချင် နေကြတယ်ပေါ့။ ဂေါ်ဒန် ရူးသွားပြီလား။

သူက ချားလ်စ်ကနေ ရက်အကြာကြီး အဝေးကို ရောက်နေမှာပေါ့။ သူ့မှာ အပြီးသတ်စရာ သုတေသနတွေ အများကြီး ကျန်သေးတယ်။

ကမ္ဘာဆုံးတိုင်Where stories live. Discover now