047 -ကိုလည်း မွန်းစတား တစ်ကောင်ပဲ"ဂျိန်းန်ဝေါလ်လီ”ဟိန့်ရဲ့အသံက အနက်ရောင်ဒီရေလို လေထုကို ဖိနှိပ်ထားခဲ့တယ်။ ရှောင်ရန်တော့ ဝင်တိုက်တော့မဲ့ မုန်တိုင်းနှစ်ကြား ညှပ်မိနေသလို ခံစားနေရတယ်။
“သူက တစ်ဦးတည်းသော နည်းပညာစစ်သည်ပဲ။ ငါတို့နှစ်ဖွဲ့လည်း အဲဒီလို အကူလိုတယ်လေ”ဂျိန်းန်က ရယ်လိုက်ပြီးတော့ သူလက်ချောင်းက ရှောင်ရန်ရဲ့ လည်ပင်းဆီကို လျှောသွားခဲ့တယ်”ငါ သူ့ကို လည်ပင်းညှစ်သတ် လိုက်သင့်တယ်မလား။ အဲဒါဆို မျှတသွားလိမ့်မယ်။ မင်းအပေါ် မူတည်သွားပြီ ”
မာခ်နဲ့ ရိဗ်က ချက်ချင်းဆိုသလို နောက်ကျောက သူတို့ရဲ့ ဓားတွေကို ဆွဲထုတ်လိုက်ပြီး ဂျိန်းန်အပေါ် အသာစီးရအောင် လုပ်ထားခဲ့တယ်။ လေထုက တင်းမာမှုတွေနဲ့ ပြည့်နှက် နေခဲ့တယ်။
ရှောင်ရန် ဂျိန်းန်ရဲ့ လက်ချောင်းတွေကြားကနေ တံတွေး မျိုချလိုက်တယ်။ ဒီအရူးက နောက်နေတာ မဟုတ်ဘူး။ အား ... သူက နည်းပညာစစ်သား အသစ်ကလေးပါ။ ဒီလောက် အသည်းအသန် ဖြစ်နေစရာ မလိုဘူးလေကွာ။
ရှရုန်ကတော့ ဂျိန်းန်ကို တားဖို့ လုံးဝ ဆန္ဒမရှိလေဘူး။ ရန်ပွဲအတွက် အသင့်ပြင် ထားကြတဲ့ မာခ်နဲ့ ရိဗ်ရဲ့ ပုံစံတွေနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့တယ်။
ဟိန့်က တိတ်ဆိတ်နေခဲ့တယ်။ သူ့မျက်လုံးတွေမှာတွေ ဖုံးလွှမ်းနေတာ ရှောင်ရန် အာရုံခံစားမိ နေခဲ့တယ်။ သူ့ရဲ့ စတီးလို အကြည့်တွေက သူတို့ကြားမှာရှိတဲ့ အကွာအဝေးကြားကနေ ဖြတ်ပြီးတော့ ဂျိန်းန်ကို တစ်စစီ လုပ်ပစ်ချင်နေတဲ့ပုံ ပေါ်နေခဲ့တယ်။
ဘုရားရေ ... သူတို့ အခုက အရေးကြီးလွန်းတဲ့ စစ်ဆေးရေး လုပ်နေတုန်း တန်းလန်းကြီး မဟုတ်ဘူးလား။ သူတို့ ဒီစခန်းထဲကနေ အသက်ရှင်လျက် ပြန်ထွက်နိုင်ပါ့ မလားတောင် မသိဘူးလေ။ ရှောင်ရန် သူ တစ်စုံတစ်ယောက် နောက်ကို လိုက်မိတိုင်း အဲဒီသူ ဘယ်သူဖြစ်ဖြစ် ... အဲဒီ သူအပေါ် သူက ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေစေသလို ခံစားမိ လာခဲ့တယ်။ သူ့ကို စွန့်ပစ်ခဲ့တာကမှ အောင်မြင်နိုင်ခြေ များလာဦးမယ်။