တွေ့ဆုံခြင်း

1.2K 79 3
                                    

တွေ့ဆုံမှုတွေက သာမန်ကာလျှံကာကျလွန်းလှတယ်..
လူတစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံဖို့ကလည်း တယ်လွယ်သကိုး..
ကမ္ဘာလေးက ကျဉ်းကျဉ်းလေးမလား
အမှန်အတိုင်းပြောရရင် မိုးကောင်းကင်ပေါ်ကကျလာတဲ့အပ်တစ်ချောင်းနဲ့
မြေပြင်မှာစိုက်ထားတဲ့အပ်တစ်ချောင်း
အမြင်အရတော့တွေ့ဆုံဖို့ခက်ချင်ခက်မှာပေါ့
ဒါပေမဲ့ မဖြစ်နိုင်ဘူးရယ်မှမဟုတ်ဘဲဟာ..

ဂျီမင်း မင်အိမ်တော်ကိုအလုပ်လုပ်ဖို့ရောက်လာကစမှာ သူ့ရဲ့အနာဂတ်ကိုကြိုမြင်လို့ရခဲ့ရင်ဖြင့် မလာခဲ့ရင်ကောင်းသားလို့တွေးမိနေမှာပါပဲ..

ခါးသီးတဲ့ချိုမြိန်ခြင်းပေါ့အချစ်ရယ်.. အချစ်ဆိုတဲ့စကားလုံးက မင်ယွန်းဂီဆိုတဲ့နာမည်နဲ့ သူ့စီအရောက်လာခဲ့တာပဲမဟုတ်လား..

အခုအချိန်မှာအားလုံးခေါင်းရှုပ်နေကြမယ်ထင်ပါတယ် ဇာတ်လမ်းကလေးကိုစကြတာပေါ့

TW// Abuse

"ပတ်ခ်ဂျီမင်း! အစ်ကိုလေးအဝတ်တွေနင်မလျှော်ဘူးလား ဘာမှစောက်သုံးမကျဘူး ဟိုကပြန်လာရင်ငါ့ကိုပြောဦးမယ်"

ဂျီမင်းအတွက်ထိုကဲ့သို့အော်သံမျိုးတွေကရိုးနေပါပြီ..ထုံးစံအတိုင်းအိမ်ဖော်အကြီး အာဂျူးမားကအလုပ်မပြီးလို့ဆူနေခြင်းဖြစ်သည်။

"ဟုတ်အာဂျုးမား..ကျွန်တော်မီးဖိုချောင်ဝင်နေလို့ လျှော်လိုက်မယ်နော်အခုပဲ"

"ဘယ်နားမှစောက်သုံးမကျဘူး နင့်ကိုသနားလို့သာခေါ်ထားရတယ် မြန်မြန်လုပ်"

ပြောရရင်ဂျီမင်းကတစ်ကောင်ကြွက်မိဘမဲ့ပေါ့.. မိဘမဲ့ဂေဟာကနေအသက်ပြည့်တော့ထွက်လာခဲ့ပေမဲ့ အတန်းပညာမပြည့်စုံမှုကြောင့် ဘယ်အလုပ်မှလျှောက်မရဖြစ်နေချိန် အာဂျူးမားက အိမ်တော်မှာအိမ်အကူအဖြစ်အလုပ်သွင်းပေးခဲ့သောကြောင့် ဒီကိုရောက်နေခြင်းဖြစ်သည်။

အိမ်အကူဆိုပေမဲ့လည်း ဝေယျာဝစ္စအကုန်စိတ်တိုင်းမကျမချင်းလုပ်ပေးရသောကြောင့်အတော်တော့ပင်ပန်းသည်ပင်..

အခုလည်းအစ်ကိုလေးအဝတ်တွေကိုထိုင်လျှော်ပေးနေရပြန်သည်။အစ်ကိုလေးဆိုတာတော့အိမ်တော်ရဲ့တစ်ဦးတည်းသောသား မင်ယွန်းဂီ..

Red BlossomsWhere stories live. Discover now