အခန်းပြန်ရောက်လာပြီးနောက် ဂျီမင်းတစ်ညလုံးဘယ်လိုမှအိပ်လို့မရပေ။ ကုတင်ပေါ်မှာလူးလှိန့်ရင်း အစ်ကိုလေးနဲ့သူနဲ့ဖြတ်သန်းခဲ့တဲ့ညက တကယ်ကိုအစစ်အမှန်ဟုတ်ရဲ့လားဆိုတဲ့မေးခွန်းကိုတစ်မိနစ်မှာ၆၁ခါလောက်ကိုယ့်ကိုယ်ကိုပဲ ပြန်မေးမိနေရုံကလွဲရင် ဂျီမင်းမရူးသေးလို့သတ်မှတ်လို့ရပါသည်။
မနက်ရောက်သည်နှင့် ဂျီမင်းလုပ်စရာရှိသည့်အလုပ်များကိုစတင်လုပ်ဆောင်ရင် ကြိုးစားပေမဲ့စိတ်ကတော့ ညကအဖြစ်အပျက်ကိုသာတွေးနေမိသည်။ အမှားခဏခဏဖြစ်လို့ခေါင်းနှစ်ချက်လောက်အခေါက်ခံရတာက ကိစ္စမရှိပါဘူး ခေါင်းထဲကအတွေးစမပြတ်သွားဖို့ကပိုအရေးကြီးသည်မဟုတ်လား။
မနက်စာစားရန်အစ်ကိုလေးအောက်ဆင်းလာတော့ ဂျီမင်း ဘာဖြစ်လို့ဖြစ်တယ်မသိ အစ်ကိုလေးကိုမျက်နှာချင်းမဆိုင်ရဲဘဲ ရှက်နေမိကာ မျက်နှာတစ်ခုလုံးခရမ်းချဉ်သီးအရောင်ဖြစ်နေပြီဟုခံစားရသည်။
"ဂျီမင်း လာဦး"
အစ်ကိုလေးရဲ့ရုတ်တရက်ခေါ်သံကြောင့်ဂျီမင်းနည်းနည်းအံ့အားသင့်သွားသည်။
"ဟုတ်..အစ်ကိုလေး ဘာခိုင်းမလို့လဲဟင်"
"ညနေကျရင် အဝတ်အစားလဲပြီးအဆင်သင့်ပြင်ထား အပြင်သွားတာလိုက်ရမယ်"
"ဟုတ်ကဲ့အစ်ကိုလေးအတွက်ကောအဝတ်ပြင်ပေးထားရမလားဟင်"
"ငါ့အတွက်ကမလိုဘူးရတယ် မင်းပဲပြင်ဆင်ထားလိုက် ငါပြန်လာခေါ်မယ်"
ဘာအတွက်မှန်းမသိပေမဲ့ဂျီမင်းအဝတ်ရွေးရင်း တစ်ညနေလုံးခေါင်းစားနေခဲ့သည်။
"ဂျီမင်းရယ် ဗီရိုတစ်ခုလုံးလည်းကုန်နေပြီ အကုန်လုံးလှတာကို ကြိုက်တာတစ်ခုဝတ်လိုက်လေ"
အတူတူအလုပ်လုပ်တဲ့ဟယ်နာက အခန်းထဲအဝတ်ကူရွေးပေးရင်းတဗျစ်တောက်တောက်ပြောနေပြန်သည်။
"ဟယ်နာကလည်း ငါအပြင်မသွားတာတအားကြာနေပြီ နောက်ပြီးအစ်ကိုလေးနဲ့တူတူသွားရမှာလေ ငါ့အကျီကကြည့်ကောင်းနေမှဖြစ်မှာ ဒါလေးလှလား"
"လှပါတယ်တော် ဘာဝတ်ဝတ်လှနေပြီးသား အမြန်လဲတော့ခဏနေအစ်ကိုလေးလာတော့မယ်"
YOU ARE READING
Red Blossoms
Fanfiction"ဘယ်သူသိခဲ့မှာလဲ အနီရောင်ပွင့်ချပ်တွေကနာကျင်မှုတွေသယ်ဆောင်လာခဲ့မယ်ဆိုတာကို" contains mpreg,feel free to skip if you're uncomfortable