စွန့်ခွါခြင်း

5 2 0
                                    

ဒီနေ့ ယွန်းဂီLAမှာ ကျောင်းသွားတက်ဖို့ နိုင်ငံကနေထွက်ခွါမယ့်နေ့..
တစ်အိမ်သားလုံးကတော့ သူတို့၏တစ်ဦးတည်းသောသားအား အလွမ်းသယ်သူကသယ် မုန့်ဖိုးပေးသူကပေးနှင့် ဆူညံပွက်လောရိုက်နေသည်မှာ မနက်မိုးလင်းတည်းက..

"သားငယ် ဟိုရောက်လို့တစ်ခုခုလိုတယ်ဆိုအိုမားကိုလှမ်းပြောနော်ချက်ချင်း သေချာလည်းနေနော် သား"

"အင်းပါ အိုမားရယ် မှာနေတာတွေများနေပြီမမောသေးဘူးလား"

သူ့အမေရဲ့ပါးကိုနမ်းရင်း ယွန်းဂီပြုံးကာပြောတော့ အိုမားကရယ်ရင်း သူ့ကိုဖက်သည်။

"ဒီသားလေးပဲရှိတာ မှာရမှာပေါ့သားရဲ့
ဟယ်နာ ဂျီမင်း အထုပ်တွေအောက်ချပြီးပြီလား"

သူဌေးကတော်ရဲ့အော်သံကြောင့် ယွန်းဂီရဲ့အထုပ်တွေကိုယူပြီးဟယ်နာနဲ့ဂျီမင်းကအောက်ဆင်းလာသည်။
မထင်မှတ်ဘဲ ယွန်းဂီ လှမ်းကြည့်မိတော့ ဟယ်နာ့နောက်ကဆင်းလာတဲ့ ဂျီမင်းနဲ့အကြည့်ချင်းဆုံသွားသည်။

ဒီကောင်လေးကိုစစချင်းသူကစားဖို့ဆုံးဖြတ်တည်းက သူလိုသလိုပုံသွင်းလို့ရမည့်ပုံစံလေးကြောင့်မလို့ ပိုပြီးစိတ်ဝင်စားခဲ့ရာမှ အခုကောင်လေးကအချိုးပြောင်းပြီး ခေါင်းမာတဲ့ကလေးလေးလုပ်ချင်နေလို့ ပညာပြရသေးသည်။ သိပ်တော့ကျေနပ်လှသည်မဟုတ်လှ..

မနေ့ကညစာစားပွဲမှာ သူနဲ့ပြဿနာတက်ထားတာကြောင့်ထင်တယ် ဖြူဖျော့နေတဲ့မျက်နှာနဲ့ ကောင်လေးကသူ့ကိုမကြည့်ဘဲ ခေါင်းကိုအတင်းငုံ့ထားပြီး ခပ်လှမ်းလှမ်းမှာရပ်နေသည်။

သူခိုင်းထားသည်ကိုသေချာလုပ်ထားလားဆိုတာတော့ နောက်ဆုံးအနေနဲ့စကားပြောပြီးမေးရဦးမည်။

"အိုမား မသွားသေးဘူးမလား သားခဏ ခြံထဲ လျှောက်လိုက်ဦးမယ် ၂နှစ်လောက်ခွဲရမှာဆိုတော့ အဝ အလွမ်းသယ်ချင်လို့"

"ခဏပဲနေနော်သား လေယာဉ်ချိန်ရှိသေးတယ်"

သူ့အိုမားဧည့်ခန်းထဲဝင်တော့ ယွန်းဂီထောင့်မှာရပ်နေတဲ့ ကောင်လေးကိုလက်ကဆွဲပြီး ခြံထဲခေါ်လာတဲ့အခါ ကောင်လေးစီက အင့်ကနဲ အသံလေးပဲကြားလိုက်ရပြီး သူ့နောက်အသာလေးပါလာသည်။

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: 5 hours ago ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

Red BlossomsTahanan ng mga kuwento. Tumuklas ngayon