စတင်ခြင်း

244 33 9
                                    

ကိုယ့်ဝမ်းဗိုက်ထဲတွင် အစ်ကိုလေးရဲ့ကိုယ်ပွါးလေးရောက်နေပြီဆိုတဲ့အသိနဲ့တင်ဂျီမင်းတစ်ယောက် အပျော်ကြီးပျော်နေခဲ့မိပါသည်။ ကြမ်းပြင်နှင့်ခြေထောက်ပင် မထိချင်လောက်အောင်ကို သာမန်နေ့တွေနှင့်မတူ တမူထူးခြားစွာ အလုပ်လုပ်ရတာလည်းပို၍ သွက်လက်နေသည့်ဟန်ရှိနေသည်။

"ဖြေးဖြေးသွားပါ ဂျီမင်းရယ် ချော်လဲနေမှဖြင့်"

ဘေးမှသတိပေးတဲ့ဟယ်နာ့ကြောင့်ရုတ်တရက်ပြုံးမိသွားသည်။ ဟုတ်သားပဲ သူကအခုတစ်ယောက်တည်းမှမဟုတ်တော့တာပဲ။ လူနှစ်ကိုယ်စာမို့ ပိုသတိထားရမှာပဲ။

"ငါစိတ်လောသွားလို့ပါ ဟီး အစ်ကိုလေးလည်းခုထိပြန်မလာသေးဘူး ငါမျှော်နေတာ"

"ခုရက်ပိုင်းတွေအစ်ကိုလေးကပြန်လာတာနောက်ကျတယ် ဂျီမင်း နင်စောင့်မလို့လား"

"စောင့်မှာပေါ့ဟ သတင်းကောင်းကိုငါပြောချင်လှပြီ ဘယ်လောက်ကြာကြာစောင့်မယ်"

"အပြောမကြီးပါနဲ့ဦး ခုရက်ပိုင်း အဖော်နဲ့ပြန်ပြန်လာတာနော် အစ်ကိုလေးက။ အဲ့တာကိုလည်းသတိရဦး"

ဟယ်နာ့စကားကြောင့်ဂျီမင်းနည်းနည်းတွေဝေသွားသည်။

"ဟာ နင်ကလည်း လျှောက်ပြောနေတယ် အလုပ်သွားလုပ်တော့ သွား"

ညဉ့်နက်တဲ့ထိ ဂျီမင်းတစ်ယောက်တည်း အစ်ကိုလေးပြန်အလာကိုထိုင်စောင့်နေမိသည်။

ည၁၂ထိုးကျော်လောက်မှ ဟော ခြံရှေ့မှာကားမီးအလင်းရောင်မြင်ရပါပြီ အစ်ကိုလေးပြန်လာပြီပဲ။

အပြေးလေး ခြံစည်းရိုးနားသွားပြီး ဂျီမင်း ခြံတံခါးဖွင့်ပေးလိုက်သည်။ ကားရုတ်တရက်ဖြတ်သွားတော့ မမြင်ချင်သည့်မြင်ကွင်းကိုမြင်လိုက်ရတဲ့အခါ အနည်းငယ်တော့စိတ်ပျက်သွားသည်။ အစ်ကိုလေးဘေးမှာအမျိုးသမီးတစ်ယောက်ပါလာသည်မဟုတ်လား..

အိမ်မကြီးဘက်ကိုအမြန်ပြေးပြီး အိမ်တံခါးဖွင့်ပေးတဲ့အခါ အစ်ကိုလေးနဲ့ထိုအမျိုးသမီးကရယ်မောပြီး အိမ်ထဲဝင်သည်။

"ဟို.. အစ်ကိုလေး"

ဂျီမင်း မဝံ့မရဲနှင့် ခေါ်လိုက်မိသည်။ ဆူခံရလျှင်လည်း ခံရပါစေတော့။

Red BlossomsTempat cerita menjadi hidup. Temukan sekarang