"ဂျီမင်း.. ဂျီမင်း ထဦး ၇နာရီထိုးတော့မယ်"
ဟယ်နာရဲ့ လှုပ်နှိုးမှုကြောင့် ဂျီမင်းထထိုင်မိသည်။ ညက တော်တော်နောက်ကျတဲ့ထိ ငိုရင်း အိပ်ပျော်သွားတာပဲ..
"ဂျီမင်း မျက်လုံးတွေလည်းဖောင်းလို့ပါလား ဟင်း.. ငိုပြီးအိပ်ပျော်သွားပြန်ပြီလား"
ဟယ်နာကသက်ပြင်းချရင်းဘေးနားမှာဝင်ထိုင်ကာ ဂျီမင်းရဲ့မျက်နှာကို သေချာကြည့်နေလေသည်။
"ငါဘာမှမဖြစ်ပါဘူး ဒီတိုင်း အိပ်တာများသွားလို့မျက်နှာဖောင်းနေတာနေမှာပါ နင်စိတ်မပူပါနဲ့"
ဂျီမင်းအသာလေးပြုံးရင်းပြန်ဖြေတော့ ဟယ်နာကသက်ပြင်းနောက်တစ်ခါထပ်ချပြန်တယ် ဒီလိုပုံစံနဲ့ဆို ဂျီမင်းကြောင့်သူလည်းအသက်တိုတော့မှာပဲ..
"ငါ့ကိုမလိမ်စမ်းပါနဲ့ဟယ် ဒီအိမ်မှာနင်နဲ့ငါပဲအချင်းချင်း အားကိုးပြီးယုံလို့ရတဲ့ဟာကို"
ဂျီမင်းနောက်ထပ် အလိမ်စကားမစခင် ဟယ်နာက စီးကာ မေးခွန်းမေးသည်။
"မနေ့က.. အခြေအနေမကောင်းဘူးလား အစ်ကိုလေးနဲ့"
အစ်ကိုလေးနာမည်ကြားတော့ ဂျီမင်းရဲ့လက်တစ်ဖက်ကသူ့ဗိုက်လေးပေါ် မသိလိုက်ပါဘဲရောက်သွားသည်။ အစ်ကိုလေး..သူနဲ့ အစ်ကိုလေးရဲ့ကလေး.. ဒါတွေအကုန် အိပ်မက်တွေများလား ဘာကအမှန်လဲဆိုတာ ဂျီမင်း သေချာမသိတော့တာအမှန်ပင်..
"ငါ့ကို..ဘယ်ကရမှန်းမသိတဲ့ကလေးကို ဖျက်ချလိုက်တဲ့.."
"ဘုရားရေ.."
အဝေးကိုခပ်တွေတွေကြီးငေးပြီးပြောလိုက်တဲ့ဂျီမင်းရဲ့စကားကြောင့် ဟယ်နာ ဘုရားပင်တမိပါသည်။
"သူကနောက်အပါတ်LAသွားမှာမလို့ ဒီကိစ္စကိုဖျက်ချပြီးရှင်းလိုက်တဲ့.. ငါလို အိမ်ဖော်ကိုသူကယူစရာလားတဲ့.."
ပြောနေရင်းမျက်ရည်တွေကျလာတဲ့ဂျီမင်းကိုဟယ်နာ ဆွဲဖက်ထားမိသည်။ ဒီလို ရိုးသားတဲ့လူကိုမှ လုပ်ရက်လေခြင်း..
"မတွေးပါနဲ့တော့ အဲ့တာတွေ ငါတောင်းပန်ပါတယ်နော် ပြန်ပြီးအစဖော်ပြီးမေးမိတာ ငါ့အမှားပါ အဲ့တာတွေမတွေးနဲ့တော့နော်"
YOU ARE READING
Red Blossoms
Fanfiction"ဘယ်သူသိခဲ့မှာလဲ အနီရောင်ပွင့်ချပ်တွေကနာကျင်မှုတွေသယ်ဆောင်လာခဲ့မယ်ဆိုတာကို" contains mpreg,feel free to skip if you're uncomfortable