[Unicode]
"တရားခံ ချွဲဂျုံအွန်း အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂၅ နှစ်!"
တရားသူကြီးမင်း၏ဆုံးဖြတ်ချက်အောက်မှာကိုယ်အနည်းငယ်ကျေနပ်သွားသည်။သေချာပေါက်ကိုယ်တို ့ကြိုးစားပေးခဲ့တဲ့အမှုဆိုတော့ရှုံးတာမဖြစ်သင့်ဘူးပေါ့။
"ယောလ်ဂျီဆော!"
တရားရုံးကထွက်ပြီးသည်နှင့်လာကြိုမယ်ပြောထားသောကင်မ်ထယ်ယောင်းတစ်နည်းအားဖြင့်သူမကောင်လေးက လက်ဝှေ့ယမ်းပြကာစီးကြိုသည်။
မျက်လုံးထဲထင်းနေတဲ့အပြာရောင်ဆံနွယ်ပိုင်ရှင်ကောင်လေးကိုကိုယ်ပြုံးပြလိုက်တယ်။
"ဘယ်လိုလဲ ဂျီဆော?"
ကိုယ့်ရည်းစားကိုမယုံဘူးလား ဆိုတဲ့အကြည့်နဲ့ကိုယ် ထယ်ယောင်းကိုကြည့်ပေးလိုက်သည်။ထိုအခါမှထယ်ယောင်းကသဘောတကျရယ်ကာကိုယ့်ပုခုံးကိုဖက်ပြီးနှဖူးကခပ်ဖွဖွနမ်းကာ ဟုတ်ပါပြီဆိုတဲ့အကြည့်နဲ့ကိုယ့်ကိုနူးနူးညံ့ညံ့ကြည့်သည်။
ငါးခါမြောက်...
ဒီတစ်ခါငါးခါမြောက်ပဲ..
တွဲနေတဲ့သုံးလနီးပါးအတွင်းမှာသူကိုယ့်နှဖူးကိုငါးကြိမ်မြောက်နမ်းတာပဲ။ပထမဆုံးသဘောကျခဲ့တဲ့အချစ်ဦးကိုကိုယ့်ဘက်ကပဲအရင်ဖွင့်ပြောခဲ့တာ။ထယ်ယောင်းကလက်ခံခဲ့ပေမယ့်တစ်ယောက်နဲ့တစ်ယောက်တွေ့ချိန်ကအင်မတန်နည်းခဲ့တယ်။သူများအတွဲတွေလိုလွတ်လွတ်လပ်လပ်အချိန်ပေးရင်းနေချင်မိပေမယ့်ကိုယ့်ကအမှုစစ်တစ်ယောက်ဆိုတော့နည်းနည်းလေးမှမကိုက်ညီပါပေ။
........
အပေါ်ကကုတ်အက်ျီကိုချွတ်ချလိုက်ပြီးနက်ကတိုင်ကိုဆဲွဲဖြုတ်ကာဆိုဖာပေါ်ခြေလက်အစုံပစ်တင်ရင်းလှဲမိတော့တယ်။
ယနေ့တရားခွင်ကအင်မတန်ကြာသလိုတရားခံကျူးလွန်တဲ့အမှုတွေကလဲနည်းနည်းနောနောမှမဟုတ်ပဲ။
လူသတ်မှု
အလောင်းဖျောက်ဖျက်မှု
အဓ္ဓမကျင့်မှုသေဆုံးသွားတဲ့အလောင်းတွေကအစရုပ်မမှတ်မိနိုင်အောင်စုတ်ပြတ်နေခဲ့တာ။ထူးဆန်းနေခဲ့တာကအဲ့တရားခံကမယုံနိုင်လောက်အောင်တည်ငြိမ်နေခဲ့တာပါပဲ။တရားခံဘက်ကရှေ့နေကသာအပြင်းအထန်တရားလိုဘက်ကရေှ့ေနနဲ့ပြိုင်ငြင်းခဲ့ပေမဲ့သူကတုပ်တုပ်မှမလှုပ်။
YOU ARE READING
ɢᴀᴍᴇ sᴛᴀʀᴛ !
Fanfiction[ᴀ. ᴊᴊᴋ ғᴀɴғɪᴄᴛɪᴏɴ] . . . . . ᴡᴀʀɴɪɴɢ! Tʜɪs ғᴀɴғɪᴄᴛɪᴏɴ ʜᴀs ʙʟᴏᴏᴅʏ scenes! sᴛᴏʀʏ ʙʏ @Junghwabel094 ᴄᴏᴠᴇʀ ᴘʜᴏᴛᴏ ʙʏ @Min_Avarsorin✨