•ᴛᴡᴏ•

349 48 19
                                    

[Unicode]

"အသိလား ဂျီဆော?"

"မဟုတ်ပါဘူး ဆန်းဘေးတက္ကသိုလ်တုန်းကဆန်းဘေးအမတစ်ယောက်နာမည်နဲ့ဆင်တူလို ့ပါ"

ငြင်းသာငြင်းလိုက်ရပေမယ့်သိတဲ့သူလို ့ပြောရမလား။ဂျို အွန် ဟော ဆိုသည်မှာကင်မ်ထယ်ယောင်းရဲ့ရည်းစားဟောင်းဖြစ်ခဲ့ဖူးလေသည်။အဲ့ဒီအချိန်တွေတုန်းကဆိုလျှင်ထယ်ယောင်းကိုတိတ်တခိုးကြိုက်ခဲ့ရတဲ့ကိုယ့်ကိုမတူသလိုမတန်သလိုကြည့်ဖူးလေသည်။ထားပါ အခုဒီလိုဆုံးသွားတယ်ဆိုတော့လဲသနားစိတ်ကအနည်းငယ်ဝင်မိတာတော့အမှန်။

"မိန်းကလေးဂျိုအွန်ဟောဘက်ကအုပ်ထိန်းသူတွေကိုအသိပေးပြီးအမှုကိစ္စဆက်လုပ်ကြတာပေါ့"

"ဟုတ်ကဲ့ ဆန်းဘေး"

......
Silent လုပ်ထားသောဖုန်းကိုလဲထုတ်မကြည့်မိ။အိမ်ပြန်ရောက်သည်နှင့်ဘာမှမလုပ်ပဲတန်းသာအိပ်ချပစ်လိုက်တော့သည်။
အိပ်မက်ကတော့ကြောင်တောင်တောင်နိုင်စွာယောင်းငီကကိုယ့်ကိုအားနာတဲ့မျက်ဝန်းတွေနဲ့ကြည့်နေခဲ့သည်တဲ့။

.....

"ဟုတ်ကဲ့ အမှုဖွင့်ဖို့အစီအစဉ်ရှိပါသလားဒီကအန်တီ"

ကျောင်းတုန်းကဆန်းဘေးဂျိုအွန်ဟောရဲ့အုပ်ထိန်းသူတွေနဲ့ဒီနေ့အမှုအကြောင်းဆွေးနွေးဖြစ်ကြသည်။ခွင့်ပြုချက်မရပဲနဲ့ချက်ချင်းခွဲစိတ်လိုက်ရတဲ့အကြောင်းကိုလဲတောင်းပန်ခဲ့ရသေးသည်။အဲ့ဒါတွေအကုန်လုံးကအဲ့ဒီဟိုကျေးဇူးရှင်ဌာနမှူးကြောင့်။

ဌာနမှူးကိုသာစိတ်ထဲကကြိတ်အော်ပစ်ရင်းအရှေ့ကဆန်းဘေးဂျိုအွန်ဟောမိဘတွေဆီအကြည့်ရောက်သွားသည်။အမေဖြစ်သူကမျက်ရည်တွေနဲ့ငိုနေပေမယ့်အဖေဖြစ်သူကစိတ်ထိန်းထားပုံရသည်။သို့သော်မျက်ရည်ဝိုင်းနေသည့်မျက်လုံးတွေကသူတို ့သမီးကိုဘယ်လောက်ချစ်ကြောင်းဖော်ပြနေသည်။

ကိုယ်ဒီခံစားချက်ကိုသိပါတယ်။တန်ဖိုးထားရတဲ့သူတွေအနားကထွက်သွားတဲ့အချိန်ပေါ့။

"ဆက်ဆက်လိုက်ပေးပါဒီအမှုကို အန်တီတို ့ဘက်ကအနူးအညွန့်တောင်းဆိုပါတယ်သမီးရယ်"

ɢᴀᴍᴇ sᴛᴀʀᴛ !Where stories live. Discover now