ကင်(မ်)တိုင်းပြည်ဟာချမ်းသာကျွယ်၀တဲ့တိုင်းပြည်တစ်ပြည်ဖြစ်ပီးတိုင်းပြည်ကပြည်သူတွေကလည်းစိတ်ဆင်းရဲမှုဆိုတာအနဲအစွန်းမျှတောင်မရှိပဲပျော်ရွှင်မှုစည်းစိမ်ကိုပဲခံစားကြရတယ် ဒါပေမဲ့တိုင်းသူပြည်သားတွေပူပန်ရတာတစ်ခုပဲနောက်ထီးနန်းဆက်ခံမဲ့သူမရှိလို့ပဲ သူတို့ဘုရင်မှာကြင်ယာတော်ရှိလျက်နဲ့ထီးနန်းဆက်ခံမဲ့သားတော်အခုထိမဖွားမြင်သေး ဘာလို့ဆိုကြင်ယာတော်က
အမျိုးသားလေးတစ်ယောက်ဖြစ်နေလို့ပါပဲ" ကြင်ယာတော်..ကြွချီလာပါပီ.. "
ကုန်းကုန်းရဲ့စီးကြိုသံအပီးမှာကြင်ယာတော်ဘုရင့်နန်းဆောင်ထဲသို့၀င်ရောက်လာတယ်
" ကြင်ယာတော် ကင်မ်ဟိုဆော့ကဘာအကြောင်းကိစ္စနဲ့ကိုယ်တော့်နန်းဆောင်ကိုကြွရောက်လာတာလဲ "
" ယခုလာမယ့်လပြည့်ညမှာနန်းတော်မှာစားသောက်ပွဲကျင်းပမည်ဖြစ်တာကြောင့်အရှင်မင်းကြီးကိုတက်ရောက်စေချင်လို့ပါ "
" ကိုယ်တော်အားရင်လာခဲ့ပါ့မယ် "
" တက်ရောက်စေချင်ပါတယ်ဒါဆိုကျွန်ုပ်ကိုသွားခွင့်ပြုပါအုံး "
" အင်းမ် "
ဘုရင့်နန်းဆောင်ထဲကထွက်လာတာနဲ့ခုနကပြုံးနေတဲ့
ဟိုဆော့ မျက်နှာကချက်ချင်းခတ်ထန်သွားတယ်
သူအခုလိုလုပ်နေရတာမျိုးတွေသဘောမကျပါ မျိုးတူယောကျ်ားတစ်ယောက်နဲ့လက်ဆက်ပီးမိန်းကလေးတွေလိုမျိုးပြုမူနေရတယ်သူကဂျောင်မျိုးနွယ်စုရဲ့မင်းသားတစ်ပါးဖြစ်တဲ့အလျောက် ချောမောတဲ့မိန်းမလှလေးတစ်ယောက်ကိုပဲလက်ဆတ်ပီးသူတို့မျိုးနွယ်စုကိုအုပ်ချုပ်ရင်းအေးချမ်းစွာနေသွားချင်တာ ဒါပေမဲ့ အရင်မင်းကြီး ကင်မ်ဂျောင်ဟွန်းရဲ့လောဘကြောင့်သူရဲ့သားတော်မင်းသား
ကင်မ်ထယ်ယောင်းနဲ့လက်ဆက်လိုက်ရတယ် မင်ကြီးကသူတို့မျိုးနွယ်စုကိုပါအုပ်ချုပ်ပီး သူတို့မျိုးနွယ်ပိုင်နယ်မြေအချို့ကိုသိမ်းပိုက်ချင်တဲ့အတွက်ကြောင့်အလွယ်တကူစည်းရုံးမရမှန်းသိတော့မျိုးနွယ်စုခေါင်းဆောင်ရဲ့သားဖြစ်တဲ့ ' သူ ' နဲ့လက်ဆက်စေခဲ့တယ် ။
YOU ARE READING
lotus (Completed✔)
Short Storyလရောင်အောက်ကကြာပန်းတွေထက်မင်းကပိုလှနေပါရောလားကောင်လေးရယ်