Ep 4 (END)

922 115 12
                                    


အခုချိန်ရင်ထဲကနာကျင်မှု​တွေကိုဘယ်လို​ဖြေ​ဖျောက်ရပါ့ကိုယ့်ချစ်သူကမဟုတ်ဘူးကိုယ့်ချစ်သူဖြစ်ခဲ့တဲ့သူက
ကိုယ်နဲ့လက်ဆက်ထားတဲ့သူနဲ့ချစ်ကြိုက်​​နေတာတဲ့

ကိုယ့်လက်နဲ့ကိုယ်သဂြိုလ်​ပေးလိုက်ရပီးပြန်ရှင်သန်လာဖို့ခတ်ခတ်ခဲခဲကြိုးစားပီးကာမှအခုတစ်ခြားတစ်​ယောက်နဲ့ချစ်ကြိုက်သွားသတဲ့လား

ဒါ​တွေအကုန်လုံးကဘုရင့်​ကြောင့်ပဲသူသာဂျင်ကိုမသတ်ခဲ့ရင်သူသာဂျင်ကိုကြာကန်ထဲက​ခေါ်မလာခဲ့ရင်ဂျင်လည်းဘုရင့်ကိုချစ်သွားမှာမဟုတ်ဘူး

အခု​တော့ကြာကန်ထဲကနမ်းရှိုက်​နေကြတဲ့သူတို့နှစ်​ယောက်ကိုကြည့်ရင်းကိုယ့်အဖြစ်ကရင်ထဲကနာကျင်မှုတွေကို​တောင်သူများကို​ပြောပြခွင့်မရ

ဟို​ဆော့​ရှေ့ကမြင်ကွင်းကိုဆက်မကြည့်နိုင်​တော့တာ​ကြောင့်လှည့်ထွက်လာခဲ့ရတယ်ဒီလိုမွန်းကြပ်​နေတဲ့စိတ်ခံစားချက်ကိုသူဘယ်လို​ဖြေသိပ်ရပါ့

.

ထယ်​ယောင်း ဂျင်အတွက်ရည်ရွယ်ပီးကြာပန်းပုံဆံထိုး​လေးအ​ချောသပ်ရင်းမျက်နှာမှာပီတိပြုံး​တွေ​ဝေဖြာလို့
​​ကောင်​လေးနဲ့ဆိုလိုက်ဖတ်မှုရှိ​နေမှာအ​သေချာပဲ

​​ကောင်​လေးအ​ကြောင်းကို​တွေး​တောရင်း​ဘေးပတ်၀န်းကျင်ကိုလည်းဂရုမစိုက်နိုင်​​​ဘေးကကြင်ယာ​တော်ထထွက်သွားတာကို​တော့သိတယ်သူ့ကိုအထူးဂရုစိုက်မ​နေနိုင်​တော့​သူကောင်​လေးကိုစွဲစွဲလမ်းလမ်းသ​ဘောကြနေပီ

ဟို​ဆော့ ဘုရင်အခန်းဘက်ကို​သွား​တော့အခန်းထဲမှာထိုင်ပီးကန်အ​သေး​လေးထဲကကြာပန်း​တွေကို​စော့​နေတဲ့ဂျင်

" ကြာပန်း​တွေကိုသ​ဘောကြတာလား "

ဂျင်ကသူ့ကိုကြည့်ပီးဘာစကားမှပြန်မ​ပြောပဲ​ခေါင်းငုံ့ပီးအခန်းထဲကထွက်သွားဖို့လုပ်တယ်

ဂျင်လက်ကိုအသာပြန်ဆွဲထား​တော့ဂျင်ကပြန်ပီးရုန်း​နေတယ်

" ဂျင်..ကိုယ့်..ကိုယ့်ကိုမမှတ်မိ​တော့ဘူးလား "

ဂျင်က​ခေါင်း​လေး​မော့လာပီးနားမလည်သလိုကြည့်ကာ​ခေါင်းခါပြလာတယ်

lotus (Completed✔)Where stories live. Discover now