ကန်ရေပြင်အလယ်ထက်ဖန်ကြာပန်းလေးကိုထား၍ကန်ဘောင်ပြင်ပေါ်၌နှုတ်ဖျားမှဂါထာအချို့ကိုရွတ်ဆိုနေတဲ့ကောင်လေးတစ်ယောက်
လရောင်ကဖန်ကြာပန်းလေးပေါ်ဖြာကျသွားပီး
ခနအကြာရေကန်ထဲဖန်ကြာလေးကနေတကယ့်ကြာပန်းအစစ်အဖြစ်ပြောင်းလဲသွားတဲ့အခါမှာတော့ကောင်လေးမျက်နှာ၌ဖြစ်ပေါ်လာတဲ့ကြည်နူးရိပ်ပြုံးများ~ကိုယ့်ဆီပြန်လာရမယ်နော်အချစ်~
ထယ်ယောင်းဒီကနေ့ကလသာတဲ့အတွက်ကြောင့်လှေစီးဖို့အတွက်နန်းဆောင်အပြင်ကိုထွက်လာလိုက်သည်
လုပ်ကြံသူကိစ္စပီးဆုံးသွားပေမဲ့သူမှာကောင်းကောင်းအနားမယူနိုင်ဒီကိစ္စကမရိုးရှင်းသလိုခံစားနေရတယ်
ကြင်ယာတော်ကသာမန်ယောကျ်ားလေးတစ်ယောက်လည်းမဟုတ်တိုက်ခိုက်စွမ်းရည်ရှိတဲ့ ' ဂျောင် ' မျိုးနွယ်စုရဲ့မင်းသားတစ်ပါးအလွယ်တကူကိုယ့်အသက်ကိုခြိမ်းခြောက်ခံမယ့်သူမျိုးမဟုတ်ပီးတော့သူတို့ကိုတွေ့ခဲ့တဲ့နန်းဆောင်ကကြင်ယာတော်တစ်ယောက်ထဲသာ၀င်ထွက်သွားလာလို့ရတဲ့နေရာတစ်ခြားမည်သူတစ်ဦးတစ်ယောက်ကမှအဲ့နန်းဆောင်ဘက်ကိုခြေဦးတောင်လှည့်ခွင့်မရှိဒါကိုလုပ်ကြံသူကဘာလို့အလွယ်တကူ၀င်ခွင့်ရသွားတာလဲ
လုပ်ကြံသူကိုသတ်လိုက်နိုင်ပေမဲ့နောက်ကွယ်ကဘယ်သူကစေခိုင်းတာလည်းမသိရ..အလောင်းကိုစစ်ဆေးဖို့ရာကြင်ယာတော်ကဘာကြောင့်အလောင်းကိုမီးလောင်အောင်လုပ်လိုက်မှန်းခန့်မှန်းလို့ကိုမရ
ကန်ရေပြင်မှာအလွန်တရာလှပဖြူစင်တဲ့ကြာပန်းတွေရှိနေပါရက်နဲ့သူ့စိတ်တွေကတော့မအေးချမ်းနေနိုင်
လှေစီးကာကြာပန်းတွေကိုရူစားနေရင်းမှတစ်ခြားကြာပန်းတွေထက်ပင်လရောင်ကြောင့်မဟုတ်ပဲပိုမိုတောက်ပနေတဲ့ကြာပန်းဖြူတစ်ပွင့်
ထယ်ယောင်းရေကန်ထဲကကြာဖြူလေးကိုဆွဲယူလိုက်တော့ကြာပန်းရဲ့ရိုးတံနဲ့ဆက်နွယ်နေတဲ့လက်တစ်ဖက်
ထယ်ယောင်းချက်ချင်းပဲလက်ကနေမြှောက်ပီးအပေါ်ကိုဆွဲတင်လိုက်တယ်
YOU ARE READING
lotus (Completed✔)
Short Storyလရောင်အောက်ကကြာပန်းတွေထက်မင်းကပိုလှနေပါရောလားကောင်လေးရယ်