( uni )
"Duty Of Love"
(Ep-17)
"Gulf မင်းဖြေနိင်ရဲ့လား"
"ဖြေနိင်ပါတယ် မင်းတို့ရော"
"ဖြေနိင်တယ် ငါ့တို့က မင်းအတွက်စိတ်ပူနေတာ"
Gulf ကျောင်းပျက်ရက်များ များနေ၍ စာမေးပွဲက အနှေးနဲ့အမြန်ဆိုသလို ဖြေလိုက်သဖြင့် ထင်းနဲ့အောင်း Gulfအတွက် စိတ်ပူစွာမေးလိုက်သည်
"ငါဖြေနိင်ပါတယ်ကွာ မင်းတို့ကလဲ"
"မင်းတို့ကလဲ Proကြီး၁ယောက်ကို စိတ်ပူနေတာ ပူချင်ပူငါကပူရမှာပါကွာ"
No စာမေးပွဲမဖြေနိင်သဖြင့် မျက်နာမအီမသာလေးဖြင့် ပြောလိုက်သည်
"မင်းကမဖြေနိင်ဘူးလား"
"အောင်ပ့မလား မသိဘူး"
"သေလေ မင်းဘာသာမလုပ်တာ"
"မင်းတို့ကလဲ ငါ့ဆိုအ့လိုပဲ"
"ကဲကဲ တော်ကြာတော့ အိမ်ပြန်ရအောင်"
ထင်းနဲ့No ရန်ဖြစ်နေ၍ Gulf စကားဖြတ်ပြောကာ ရန်ပွဲကို တားလိုက်သည်
"အင်း ပြန်မယ်လေ"
"လာပါ Noရာ မင်းကလဲ အောင်မှာပါ"
မျက်နာကြီး စူပုတ်ပုတ်နဲ့ နောက်မှရပ်ကျန်နေခဲ့၍ ထင်းချော့မော့ကာ ခေါ်နေသည် Noလိုက်လာတော့မှ သူငယ်ချင်း၄ယောက် ဟာသများပြောကာ ကျောင်း၀န်းထဲမှ ထွက်သွားလေသည်
"San မင်းဘယ်ပျောက်နေတာလဲ ငါ့ဖုန်းဆက်တာလဲ မကိုင်ဘူး"
ကုမ္ပဏီကို ၁ပတ်လောက်ပျောက်ပြီးမှ ပြန်လာသဖြင့် Lhong Sanကိုမေးလိုက်သည်
"ငါနေမကောင်းလို့ ဒါနဲ့ Khun Mew ငါ့ကိုဘာပြောသေးလဲ"
"ဆရာက မင်းကိုမေးနေတာ သွားတွေ့ရင် တွေ့လိုက်ဦး"
"AA အ့ဆို ငါသွားတွေ့လိုက်ဦးမယ်"
Lhong Sanမျက်နာကို ကြည့်ကာမျက်နာ မသာမယာဖြစ်နေ၍ တစ်ခုခုဖြစ်လာသည် ဆိုတာသိကာ Mewအခန်းထဲ လှည့်ထွက်သွားသော Sanကျောပြင်ကို ကြည့်ကာ ခေါင်းသာခါမိတော့သည်