( Uni )
"Duty Of Love"
(Ep-11)
"Hello ဆရာ"
"Hello San မင်းအလုပ်မှာလား"
"မဟုတ်ဘူးဆရာ ဒါနဲ့ဆရာဘယ်ရောက်နေတာလဲ အသံတွေကဆူညံနေလို့"
"ငါ့က ကျစ်တို့အိမ်က ဂျင်း၀ိုင်းရောက်နေတာ"
"ဗျာ အစောကြီးကိုလား ဒါနဲ့ကုမ္ပဏီက မသွားဘူးလား"
"မင်းက ငါ့ကိုဆရာလုပ်နေတာလား San"
"မဟုတ်ပါဘူး ဆရာ ဒါနဲ့ဆရာက ကျွန်တော်ကို ပြောစရာရှိလို့လား"
"အင်း Tarရော မင်းနဲ့အတူ ချင်းမိုင်းမှာ ရှိနေတာလား"
"ဟုတိ ဟုတ်ဆရာ သူဟိုမှာဆို ၁ယောက်ထဲ ပြီးတော့ဟိုမှာကဘယ်သူမှ မရှိဘူးလေ အ့ကြောင့်"
"ကောင်းတယ် ကောင်းတယ် မင်းအ့ကောင်လေးကို ဒီထက်ပိုဂရုစိုက် ဒါမှမင်းကိုဒီထက်ပိုယုံကြည့်မှာ"
"ဆရာ ဘာကိုပြောတာလဲ"
"ငါ့တူတွေက လူ၁ယောက်ကို ယုံကြည်လွယ်တယ် အ့ကြောင့်ခုလိုဖြစ်နေတာ"
"ဆရာပြောတာ ကျွန်တော်ခုထိ နားမလည်သေးဘူး ဆရာဘာကိုဆိုလိုချင်တာလဲ"
"မင်းနားမလည်လဲ ထားပါတော့ ချင်းမိုင်ရောကိမှ ဆက်ပြောမယ် မင်းလုပ်စရာရှိသေးတယ်မို့လား ငါ့လဲဆက်ကစားလိုက်ဦးမယ် ဒါပဲSan"
"ဟုတ်ဆရာ"
"ဆရာက ငါ့ကိုဘာအဓိပ္ပာယ်နဲ့ ပြောတာလဲ ငါ့တော့နားမလည်ဘူး
ဟူးးးးး""ရမ်လစ် မင်းဆက်ဆော့ဦးမလို့လား ကုမ္ပဏီ မသွားတော့ဘူးလား"
"ဘာလဲ မင်းကရှုံးမဲ မဲနေတာလား ကျစ်"
"ဟားးးး ငါ့ကဘာကိစ္စမဲရမှာလဲ"
"အ့ဆို မင်းငါ့ကိုကြောက်လို့လား"
"အိုးဟို့ မြွေမြွေချင်း ခြေမမြင်စမ်းပါနဲ့ကွာ အရင်တုန်းကမကြောက်ပေမဲ့ ခုတော့ကြောက်သင့်ကြောက်ရမယ် ဘာလို့ဆို မင်းကM.T.S ကုမ္ပဏီရဲ့ သူဌေးကြီးဖြစ်နေတာကို ဟားးးးးးးး"