"ခွေးရူး ခွေးရူး"
"ဟင်"
စျေးကအပြန်မှာ ကိုယ့်ခွေးလေးကိုကြိုးနဲ့ဆွဲ၍ အေးအေး
ဆေးဆေးလမ်းလျောက်လာတုန်း အော်သံတွေစီခနဲထွက်လာ
သဖြင့် ရိပေါ် ထိတ်ထိတ်ပျာပျာဖြစ်သွားမိ၏။ဘယ်မှာလဲခွေး ဟိုဒီလှည့်ပတ်ရှာကာ ထွက်ပဲပြေးလိုက်ရမလား၊ဒါမှမဟုတ် ကိုယ့်ခွေးလေးကို ကိုယ်ပိုက်ပြီး ရင်ဆိုင်
လိုက်ရမလား။လှည့်ပတ်ကြည့်လိုက်ပေမဲ့လည်း ခွေးရူးဆိုတာ
ကို ဘယ်မှမတွေ့။"ဟိုကောင်လေး ရပ်မနေနဲ့ပြေးလေ ဟာ..ဟိုဘက်မှာ..ဟိုမှာ
လာပြီ""f**k"
ရိပေါ် မြင်လိုက်ပါပြီ။အုန်းခွံရောင်နီကျင့်ကျင့်အမွှေးရှိပြီး
ဒေါက်တော်တော်မြင့်မားလှသည့် ခွေးကြီး။နားရွက်ကြီးတွေ
ကလည်း အုပ်ကျပြီး မျက်လုံးတွေကိုတောင်ဖုံးနေသလိုပင်။သွားရည်တမြားမြားကျနေသည့် လျှာတစ်လစ်ကပါးစပ်ကနေတည့်တည့်မကျဘဲ ဘေးအံသွားတွေဘက်ကနေထွက်ကျ
နေသည်မို့ မြင်လိုက်တာနဲ့ခွေးရူးမှန်းသိသာတယ်။ဘယ်လောက်ပဲ လျင်ပါတယ်၊ထက်ပါတယ်ဆိုဆို မျက်စိရှေ့
ရုတ်တရက်ရောက်လာတဲ့ ခွေးရူးကြီးကြောင့် ရိပေါ်မျက်လုံး
တွေ ပြာသွားတယ်။ရိပေါ် ကြိုးလေးနဲ့ဆွဲလာသည်က အိမ်အလှမွေးပိုမာရိန်းနီးယားခွေးစုတ်ဖွားဖြစ်သည်။ခုချိန်မှာသာ ဒီခွေးကြီးကိုက်
မည်ဆိုလျှင် လူကိုဖြစ်ဖြစ်၊ခွေးကိုဖြစ်ဖြစ်တစ်ချက်စာပဲ
ရှိလိမ့်မည်။ခွေးကြီးကပါးစပ်ကြီးဖွင့်၍ ပြေးလာတာ တဟဲဟဲအသံထွက်
နေတယ်။ရိပေါ်လည်း ဘာလုပ်ရမှန်းမသိတော့တာနဲ့ကိုယ့်ခွေး
လေး ကိုယ်ကောက်ချီပစ်လိုက်တယ်။မတတ်နိုင်တော့ပါ။ပြေးလည်းမလွတ်လောက်တော့တာ
ကြောင့်အသက်ကို ဝဝရှုပြီး တဟဲဟဲပြေးလာသည့်ခွေးကြီး
ကို ဒီအတိုင်း ရပ်စောင့်နေလိုက်တော့သည်။"ခွေးဟ..ထွက်ရိုက်လိုက်ကြစမ်းပါ"
"ဟိုကောင်လေး..ပြေးလေ..ပြေး"
အော်သံတွေတိကနဲ တိတ်သွားပြီးတော့ စုပြုံအော်လာကြပြန်
တယ်။ထိုအချိန် ဘေးလမ်းကြားလေးကနေ စက်ဘီးတစ်စီး
ဘွားခနဲ ထွက်လာ၏။
YOU ARE READING
You,Me And He
FanfictionZhanyi(myanmar fic) သဘောကျခဲ့ဖူးတဲ့ ဝတ္ထုလေးတစ်ခုအား မှီငြမ်းထားပါသည်။