"အင့်"
ဘုန်း!!
မြွေခွေနေသည့် သစ်ပင်ခြေရင်းသို့ နှစ်ယောက်သားလုံးထွေး
ကျသွားသည်။မြွေရှိနေရင်တောင်မှ ခေါင်းထောင်ချိန်ပင်ရ
လိမ့်မည်မဟုတ်။"အာ့ သေပါပြီ"
"ဖယ်စမ်းပါကွာ..လက်ကျိုးပြီလားမသိဘူး"
"ဟာ..ဘာလို့အတင်းတွန်းနေတာလဲဒီမှာထလို့မရတဲ့ဟာကို"
အထွေးလိုက် လိမ့်ဆင်းကျလာပြီး အောက်မှာပစ်ကပ်မိတော့
ရှောင်းကျန့်ပဲ ကံထူးရှင်ဖြစ်လေသည်။ကျောကသစ်ပင်နှင့်
ဆောင့်မိပြီး ရင်ခွင်ထဲကိုပစ်ကျလာသည့် ဝမ်ရိပေါ်၏ကိုယ်
လုံးကြီးက ဆန်အိတ်ကြီးတစ်အိတ်နှင့် တူသည်။ကျောနှင့်ရင်ညှပ်ထိကာ လက်မောင်းတစ်ဖက်ကလည်း ထို
ကောင်လေးရဲ့ကျောအောက်မှာ။"ကျစ်..သေပါပြီကွာ၊ဒီတစ်ခါမှမသေရင် ဘယ်တော့မှမသေ
တော့ဘူး..အား!""ခဏ..ခဏလေး"
သူအတော်နာသွားပြီဆိုတာ ရိပေါ်သိတယ်။ဒါပေမဲ့လည်း
ထထိုင်ကြည့်ဖို့လက်ထောက်ကြည့်တော့ ဘယ်လက်မှထောက်
လို့အဆင်မပြေ။လက်ဖျံတွေ၊တံတောင်တွေကလည်းစုတ်ပြတ်
နေပြီ။နောက်ဆုံးမှာတော့ လက်ပိုက်ထားလိုက်ပြီး လေ့ကျင့်
ခန်းလုပ်သလို အံကြိတ်ထလိုက်မှ အောင်မြင်သွားတယ်။ရှောင်းကျန့်ကတော့ တစောင်းအတိုင်း ကွေးကွေးလေးကနေ
တော်တော်နဲ့မထနိုင်ရှာ။"ငါ့ကို ထူပေးဦး..အာ့!"
"ဘယ်လိုထူပေးရမှာလဲ..ဘယ်နားတွေနာနေတာလဲ"
ရိပေါ်မှာ ခြေပြင်၊လက်ပြင်နှင့် ဘယ်ကနေဘယ်လိုကိုင်ပြီး
ထူပေးရမှန်းမသိ။"ကျောကနေပြန်လဲမသွားအောင် နည်းနည်းထိန်းပေးထား"
"မင်းဘာဖြစ်သွားလဲဟင်"
"မင်းရော..."
ရိပေါ်အမေးကို သူကပြန်မေးခွန်းထုတ်လာတယ်။
"ငါ့လက်တွေမှာ ဒဏ်ရာတွေတော့ရသွားတယ်။ကျန်တာဘာမှမဖြစ်ဘူးထင်တယ် လမ်းလျှောက်ကြည့်မှသိမှာ"
YOU ARE READING
You,Me And He
FanfictionZhanyi(myanmar fic) သဘောကျခဲ့ဖူးတဲ့ ဝတ္ထုလေးတစ်ခုအား မှီငြမ်းထားပါသည်။