"အကြီးကောင်ကို ခေါ်လိုက်စမ်း"
"ကိုကြီး toiletဝင်နေတယ် ယဲယဲ"
ဘာပြောမလို့လဲ၊ဘာခိုင်းမလို့လဲလို့ တစ်ခွန်းမှမမေး နားစွင့်
ကြည့်လိုက်တော့လည်း ကိုယ့်နားကိုလျှောက်လာတဲ့ ခြေသံ
တောင်မကြားရပါ။သူဋေးကြီးရှောင်လု သက်ပြင်းကိုအသာ
ချ၍ တောင်ဝှေးကိုင်ထားသည့်လက်ကိုရှေ့သို့ဆန့်ထုတ်လိုက်
တယ်။တစ်ဖက်နဲ့လမ်းကို စမ်း၍ ဝှီးလ်ချဲကို ကိုယ့်ဘာသာ
ဖြည်းဖြည်းချင်း လှိမ့်၏။"ယဲယဲ ငါ့ကိုခေါ်နေတာလား ရှောင်းကျစ်"
အိမ်ထဲကထွက်လာသော အကြီးကောင် ရှောင်းယွမ်ရဲ့အမေး
ကို အလတ်ကောင်ရှောင်းကျစ်က ခြံထဲက အပန်းဖြေခုံပေါ်
မှာထိုင်ပြီး beerသောက်နေရင်းက"ဟုတ်တယ် သွားမနေနဲ့ဗျာ၊အဲ့တာမှ ဟိုကောင်ကိုလိုအပ်လာ
လိမ့်မယ်။မရှိမဖြစ်မှန်းသိမှ ကျောင်းထုတ်ပြီး အနားမှာခေါ်
ထားရမှန်းသိမှာ။အဲ့ကောင်ကို ကျောင်းထားပေးနေတာ ကျွန်
တော် တော့လုံးဝမကျေနပ်ဘူး"ရှောင်းကျစ်က သူ့အကိုရှောင်းယွမ်ကို သူမကျေနပ်တာတွေ
ရင်ဖွင့်တယ်။အိမ်မှာစီးပွားရေးဆိုလို့ ဘာရှိတော့လို့လဲ။ကြီးတဲ့လူသုံးယောက်ကျတော့ ခြံအလုပ်တွေကို မဖြစ်စလောက်အလုပ်
သမားလေးငှားပေးပြီး ဝိုင်းလုပ်၊ဝိုင်းကူခိုင်းတယ်။ခြံပိုင်ရှင်
သူဋေးဆိုပြီး လက်ညှိုးထိုးခိုင်းရတာဘာရှိလို့လဲ။ငွေနဲ့ခိုင်းရ
မဲ့နေရာတွေ ငွေမလိုက်နိုင်တော့ ကိုယ်တိုင်ပဲလိုက်လုပ်ရတယ်။ညီအစ်ကို နှစ်ယောက်အပြင် မိန်းကလေးဖြစ်တဲ့
ရှောင်းဖန်းဖန်းတောင် အငြိမ်မနေခဲ့ရ။ဒီကောင် ဆယ့်လေး
ငါးနှစ် အရွယ်ကြီးကျတော့ ပညာသင်ရမဲ့အရွယ်မလို့တဲ့လေ။ကျောင်းပြီးသွားတော့ရော ဘာဖြစ်လာမှာမလို့လဲ။လခစား
လုပ်စားမှာလား။ဒီစုတ်ပြတ်သတ်နေတဲ့ ခြံကြီးကို ဒီပညာ
တွေက ကယ်တင်နိုင်မှာမလို့လား။ထူးမလာမဲ့ဟာကို အချိန်
ကုန်ခံပြီး ကျောင်းထားပေးနေတာ။ယောကျာ်းလေးပဲ ဒီအ
ရွယ်ဆို ခိုင်းစားလို့ရနေပြီလေ။
YOU ARE READING
You,Me And He
FanfictionZhanyi(myanmar fic) သဘောကျခဲ့ဖူးတဲ့ ဝတ္ထုလေးတစ်ခုအား မှီငြမ်းထားပါသည်။