"ရှောင်းရှောင်ကျန့်!!"
ခေါ်သံကမိုးခြိမ်းသံထက်ပြင်းသည်။ဘယ်လိုပဲကျွတ်ဆတ် ဆတ် မာကြောကြောနဲ့ဘာမထီကောင်ပဲဆိုဆို ဒဏ်ရာတွေ
ပေးနေကျ ခေါ်သံကြောင့် ကျောထဲမှာစိမ့်ခနဲတော့ဖြစ်၏။
ယဲယဲ(ဖိုးဖိုး)ရဲ့မျက်နှာကို မော့ကြည့်လိုက်မိတာကအားကိုး
တကြီးပဲဖြစ်သည်။
ယဲယဲမျက်နှာထက်မှာ အရေးအကြောင်းတွေပိုမိုရှုပ်ထွေးသွား
ခဲ့ပြီး မျက်နှာခပ်လွှဲလွဲဲပြုလျက်"သွားလိုက်..ကလေး..ဆုံးမတယ်လို့ပဲ ခံယူလိုက်"
ထိုစကားဆုံးသည်နှင့်တစ်ပြိုက် ရှောင်းကျန့်မတ်တပ်ထရပ်
လိုက်သည်။ထို့နောက်မှာတော့ ဝတ်ထားတဲ့ရှပ်အကျ..အနွမ်း
လေးကို သွက်လက်စွာချွတ်လိုက်တယ်။သူ့ရဲ့ကျောပြင်မှာတော့ တုတ်ချက်ရာကဲ့သို့ လက်နှစ်လုံးလောက်အကျယ်နှင့်တစ်ထွာသာသာခန့်ရှိသော သပြေသီး
မှည့်ရောင် အစင်းကြောင်းကြီးက ထင်ရှားစွားပေါ်လာ၏။"ရှောင်းကျန့်..ဟိတ်ကောင်"
"ကျွန်တော်လာပါပြီ"
အသက်ဆယ့်ငါးနှစ်မှာ ရန်ဖြစ်လာသည့်သက်တမ်းပေါင်းက
ဆယ့်ငါးကြိမ်မကတော့ပါ။ရန်ဖြစ်လာတိုင်း အရိုက်ခံရမြဲဖြစ်
ကာ ခေါ်လိုက်ပြီဆိုအရိုက်ခံရတော့မှာကို သိရမည်။တုတ်ကိုင်ထားတဲ့လူတွေရှေ့မှာ အကျ..ချွတ်ပြီးရပ်ပေးရမည်။ဒါက ပုံသေ သတ်မှတ်ချက်တစ်ခု။
သူခြံထဲကို ခြေချလိုက်သည်နှင့်သူ့နောက်မှာ အယ်လ်ဇေးရှင်း
ခွေးလေးတစ်ကောင်က ကပ်ပါလာခြင်းကလည်း မြင်နေကျ
ပန်းချီကားတစ်ချပ်လိုပင်။"ဟိတ်ကောင်..မြန်မြန်လာခဲ့"
"မင်းက ယဲယဲဘေးတောင် ပြေးကပ်လိုက်သေးတယ်၊မင်းကို
လာမဆွဲချရဲဘူး မှတ်နေလား၊ဟွန်း.ဂုတ်ပိုးကနေကိုင်ပြီး လွှင့်
ပစ်လိုက်လို့ "ရှောင်း"အိမ်တော်ကို ဘယ်တော့မှပြန်မလာရဲ
ဖြစ်သွားမယ်"တစ်ယောက်တစ်ပေါက်နဲ့သူ့ကိုကြိမ်းမောင်းနေသူတွေက ကိုကြီးနဲ့ကိုလေး။တစ်ခွန်းမှဝင်မပြောဘဲ ကြာပွတ်ကဲ့သို့ထိပ်ဖျား
မှာ သားရေကြိုးတပ်ထားသော ကြိမ်တံကို အခိုင်အခန့်ပြုပြင်နေသည့် ကျဲငယ်ကတော့ ကြိမ်တံကို ဆကြည့်လိုက်၊
လွှဲကြည့်လိုက်။ထို့နောက်မှာတော့ တိုက်ပွဲဝင်တော့မဲ့ သူရဲ
ကောင်းတစ်ဦးလို ခြေနှစ်ဖက်ကိုခပ်ချဲချဲရပ်လိုက်ပြီး ကြာ
ပွတ်ကို ကိုင်ထားသည်။
YOU ARE READING
You,Me And He
FanficZhanyi(myanmar fic) သဘောကျခဲ့ဖူးတဲ့ ဝတ္ထုလေးတစ်ခုအား မှီငြမ်းထားပါသည်။