Chp-1 (Unicode Ver)

123 15 0
                                    

In Another life....

ချူနိုင်ငံ ၏ မင်းသားလေး ချူခယ်ယွီ သည် အဆောင်တော်မှ တိတ်တဆိတ် ခိုးထွက်လာလေသည်။ ယဲ့ချွမ် ကုန်းကုန်း တော့ အဆောင်တော်ထဲတွင် ခေါင်းမီးတောက်နေမှာတော့သေချာသည်။ တစ်ခါတစ်လေ လေးတော့ ကုန်းကုန်း အတောက်ခံလိုက်ပေါ့ ကုန်းကုန်းရယ်။
နန်းတော်၏ ဥယျာဥ်အကျယ်ကြီးထဲတွင် တိတ်ဆိတ်စွာ အနားယူပြီး နေပူဆာလှုံလို၍ သက်တော်စောင့် ကိုတောင် အသိမပေးပဲ တစ်ကိုယ်တည်းလာ​ခြင်းဖြစ်သည်။

နန်းတော်အပြင်ထိတော့ ထွက်မနေတော့။ ဆူညံ​ေသာနေရာတွေ မကြိုက်တတ်သောကြောင့်လည်းဖြစ်သည်။
ဆူညံခြင်းကို မကြိုက်၍ တိတ်ဆိတ်သော ဥယျာဥ်တော်ထဲတွင် အနားလာယူပါသည် ဆိုနေမှ ဘယ်က ပုလွေသံတုန်း။ ပုလွေသံသည် ဆိုးရွားသော သံစဥ်များ ထွက်နေသည် တော့မဟုတ်။ သာယာသည်မှာတော့အမှန်ပင်။ တစ်ခါမှ မကြားဖူးသော တေးသီချင်း သံစဥ် ဖြစ်၍ မင်းသားငယ် မှာ စူးစမ်းချင်စိတ် တဖွားဖွား။ စကားပန်းပင် နားမှ လာသော အသံ ဖြစ်၍ ထိုအပင်နားသို့ ဖြေးဖြေးချင်းလျှောက်သွားနေမိသည်။

စကားပန်းပင် ပင်စည်​ဘေးနားမှ ထွက်နေသော အဝတ်စ အဖြူရောင်လေး ။ ပုလွေကို တီးမှုတ်နေသူသည် နန်းတွင်းမှ အနုပညာသည် တစ်ဦးပေလား။ သို့သော် ထို အနုပညာသည် ၏ ရုပ်ရည်သည်ကား အလွန်ကြည့်ကောင်းလေသည်။ ကိုယ်တော်ကိုတော့ မမှီပေမယ့် နန်းတွင်းထဲ တွင် တွေ့ဖူးသမျှ အနုပညာသည်ထဲတွင် ထိုလူသားကတော့ အကြည့်ကောင်းဆုံး ဟု ပင်ပြောရမည်။ ပူနေသော နေမင်းကြီးကြောင့် ပါးလေးတွေသည် နီရဲလို့နေသည်။ ပုလွေမှုတ်နေသည့် ထိုလူသားသည်အနုပညာဆန်လှသည်။

ပုလွေသံအဆုံး မင်းသားငယ်ရှေ့တိုးကာ လက်ခုပ်တီးလိုက်လေသည်။

"အရမ်းသာယာတယ် အိုက်ချင်း"

Nattawat အာရုံပျံ့လွှင့်သွားလေသည်။
သူ့အား တရုတ်ဘာသာစကားနှင့် အိုက်ချင်းဆိုသော အသုံးအနှုန်းသုံးကာ ပြောလေသော သူအား ကြည့်လိုက်မိသည်။ ဦးခေါင်းထက်မှငွေရောင် ဆံထိုးကြောင့် ချူပြည်၏ မင်းသားတစ်ပါးမှန်း တမ်းသိလေသည်။

My Prince Where stories live. Discover now