Extra 1(Uni)

47 14 0
                                    

Couple Things

ကျိုးခယ့်ယွီ မှာထားတဲ့ စီချွမ်ခေါက်ဆွဲ ကို မစားနိုင်သေးပါ။ မနေ့တစ်နေ့မှ semsterအသစ်စဖွင့်တာဖြစ်သော်လည်း ထိုင်းကနေ ပြန်မလာသေးတဲ့ ချစ်သူလေးကို အလွန်လွမ်းနေမိသည်။ တကယ်ဆို ထိုင်းပြန်သွားတာ ၃လတောင်ရှိပြီလေ....ကျောင်းလည်းစဖွင့်နေပြီကို သူက ဘာလို့ပြန်မလာသေးတာလဲ? အိမ်ကထိုင်းမှာ အတင်းတက်ခိုင်းနေလို့များလား၊သူ့မိသားစုကများ သူနဲ့ ချစ်သူဖြစ်နေေကြာင်းကိုသိပြီး ပြန်မလွှတ်တာများလား။ အတွေးပေါင်း ေသာင်းခြောက်ထောင်နှင့်ရူးတော့မည်။ Msgပို့ပြီးမေးတော့လည်း

"Danကလည်း ကျွန်တော်ပြန်လာမှာပေါ့၊လေယာဥ်လက်မှတ်ဝယ်ရကြပ်နေလို့ နောက်ကျလိမ့်မယ် ထင်တယ်" လို့ ပြန်ဖြေတယ်။

မနက်ကတည်းက ဘာမှမစားရသေးလို့သာ ခေါက်ဆွဲမှာလိုက်တာ တကယ်တော့ နည်းနည်းမှမတို့ရသေးပါ။

"တီ"
Noti barမှာပေါ်လာတဲ့ "Chou DiDi"ဆိုတဲ့နာမည်လေးကိုမြင်လိုက်ရတာက အတွေးပေါင်းသောင်းခြောက်ထောင်နှင့် ရူးမတတ်ဖြစ်နေတဲ့ ကျိုးခယ့်ယွီကို Treatment ပေးလိုက်သလိုပင်။

"ကျွန်တော်ကြိုက်တဲ့ ဝက်နံရိုးပေါင်းခေါက်ဆွဲလေးမှာထားပေးပါလား Dan"

ဟင် ထိုင်းကနေတောင်ပြန်မလာသေးတဲ့ ကလေးက ဘာလို့ မှာခိုင်းတာလဲ? မဟုတ်မှလွဲရော ပေကျင်းကိုပြန်ရောက်နေပြီလား၊ စနေတာလား။ ဘာပဲဖြစ်ဖြစ် သူမှာခိုင်းတော့လည်း မှာပေးရမှာပေါ့။တော်ကြာ သူပြောတာကို မေ့ရအောင် ဘယ်သူအကြောင်းတွေးနေလို့လဲ ဆိုပြီး ရစ်နေရင် ချစ်ဒုက္ခ နှစ်ဆ ဖြစ်သွားလိမ့်မယ်။

ပူပူနွေးနွေး ဝက်နံရိုးပေါင်းခေါက်ဆွဲ ကတော့ ကျိုးခယ့်ယွီရှေ့မှာ ရှိနေသည်။မှာခိုင်းထားသူကတော့ စာမပြန်သေး။

ဝက်နံရိုးပေါင်းခေါက်ဆွဲကို မေးထောက်ကြည့်နေရင်း လက်တစ်ဖက်က တူနှင့် စီချွမ်ခေါက်ဆွဲကိုမွှေနေမိသည်။

"ဒုတ်"

စားပွဲပေါ်ကိုရောက်လာတဲ့ Colaတစ်ဗူးနှင့် ဖြူဖြူဖွေးဖွေးလက်တစ်စုံ။

My Prince Where stories live. Discover now