And We Meet Again
"တိတိ...."
မင်းသား၄ ၏ ဓားရှည်သည် ချူဟောက်ယွီ၏ နှလုံးအိမ်အား ဖောက်ထွင်းသွားလေပြီ။
"တိတိ...."
ဓားဒဏ်ရာကြောင့်နာကျင်နေသော်လည်း တိတိက သူ့အားပြုံးပြနေသေးတယ်။ ပြုံးပြနေတာက သူ့နှလုံးသားကို ပိုနာကျင်စေတယ်လေ ငိုချလိုက်ပါလား တိတိရယ်။
"အရှင့်သား..."
ထွက်သက်မတိုင်ခင် ဆိုလာသော နောက်ဆုံးစကား က အရှင့်သား ဖြစ်နေခြင်းက နှလုံးသားတစ်ခုလုံးအား အစိမ်းလိုက် မီးကင်သလိုမျိုးပဲ။ ချွေးစက်ချွေးပေါက်တို့က နဖူးပေါ်ကနေ စီးကျနေပေမယ့် သူပြေးနေမိတယ်။ သမားတော်ဆောင် ရှိတဲ့နေရာကို အမြန်ဆုံး ပြေးသွားနေမိတယ်။
"တိတိ....တိတိ"
အလွန်အေးနေသောတရုတ်နိုင်ငံ ပေကျင်းမြို့၏ December တွင် ကျိုးခယ်ယွီ၏ ကွန်ဒိုသည် Aircon ဖွင့်စရာမလိုသည့်အပြင် Heaterပါဖွင့်ထားရသည့်အထိ ဖြစ်သော်လည်း သူ့ကိုယ်တိုင်ကတော့ အိပ်မက်ဆိုးကြောင့် ချွေးစက်ချွေးပေါက်တို့ စီးကျနေတဲ့အပြင် မျက်ဝန်းမှာ မျက်ရည်တွေက ဆည်ကျိုးသလို ကျနေပြန်တယ်။
အဲ့ဒီအိပ်မက် ကို သူငယ်စဥ်ကတည်းက ခဏခဏ မက်ခဲ့တာ... ဒါပေမဲ့ အိပ်မက်ထဲမှာ ကျိုးခယ့်ယွီဟာ မင်းသားတစ်ပါးဖြစ်နေတဲ့အပြင် သူ့ပါးစပ်က "တိတိ" ဟုခေါ်လေရှိသည့် သဘောကျနှစ်ခြိုက်ရသော ကောင်လေးနှင့် ပျော်ရွှင်စရာ နေ့ရက်များကိုဖြတ်သန်းနေသည်လေ။ တစ်ခါမှ အပြင်မှာ မတွေ့ဖူးသော တိတိ ဆိုသော လူသားသည် ကျိုးခယ့်ယွီရင်ထဲတွင်တော့ နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေသည်အထိ ရင်းနှီးနေမိတယ်။ ဒါဟာ သူ့၏ အတိတ်ဘဝ များဖြစ်နေလေမလား။ အိပ်မက်တစ်ခု ထက်မပိုနိုင်ပါဟု တွေးထားလည်း တိတိဟာ အပြင် လောကတွင် တကယ်ရှိနေသည်ဟု ထပ်ကာ ထပ်ကာ တွေးနေမိပြန်တယ်။ ပျော်ရွှင်စရာအိပ်မက်လေးမလို့ မက်သည့်အခါတိုင်း အိပ်နေရင်းတောင် ပြုံးမိသည်အထိ ဖြစ်ခဲ့ရသော အိပ်မက် သည် ယနေ့ညတွင်တော့ ကျိုးအိမ်တော် ၏ သခင်လေး ကျိုးခယ့်ယွီအား အိပ်မက်ဆိုးအဖြစ် နှိပ်စက်နေပြန်တယ်။
YOU ARE READING
My Prince
Fanfictionချူတိုင်းပြည်မှာ အိမ်ရှေ့စံနှင့်တန်းတူ အားကိုးရတဲ့ မင်းသားလေးတစ်ပါးရှိတယ်။ သူ့နာမည်ချူခယ့်ယွီ....အဲ့ဒီမင်းသားမှာလည်း သိပ်သဘောကျရတဲ့ လူမျိုးခြား စကားပြန်လေးရှိတယ်။ မထင်မှတ်ပဲ ဒီဘဝမှာ သေကွဲ ကွဲခဲ့ရပေမယ့် ကံကြမ္မာစက်ဝန်းထဲက မထွက်နိုင်သေးတဲ့ အချစ်ငှက်လေ...