It Deserves To Wait Him
တိုက်မိလို့ နာကျင်သွားတာက ခန္ဓာကိုယ် မဟုတ်ပဲ နှလုံးသားဖြစ်နေလေရဲ့။ လူချင်းဆင်ရုံပါ ဆိုတဲ့ အတွေးကို ဖျောက်ဖျက်လိုက်သည်က "တိတိ" ဟူသော ခေါ်သံလေး။ တကယ်ပဲ အရှင့်သားမလား? နာကျင်နေတဲ့ နှလုံးသားနှင့် ဘယ်တုန်းက ကျနေမှန်းမသိတဲ့ မျက်ရည်တွေက တော့သက်သေထူနေပြန်တယ်!
ထွက်ပြေးသွားတဲ့ သူ့နောက်မရမက လိုက်၍ လျှောက်လမ်းဘေးက အုတ်ခဲ ကို မမြင်ပဲ ချော်လဲသွား၍ ခြေထောက်ပွန်းသွားသော်လည်း နာကျင်မှုရယ်လို့မခံစားရ။ အရှင့်သားထက် ဘယ်အရာကများပိုအရေးကြီးနေမှာလဲ။ကျောင်းကို ပတ်ကာ အမောတကော လိုက်ရှာ တာတောင်မတွေ့သေး။
"Oscar နောက်နေ့ Centralမှာတွေ့မယ်နော်"
တရုတ်လိုအော်ပြောလိုက်သော P'Nine၏ အသံ ကြောင့် ကျောင်းပေါက်ဝကိုလှမ်းကြည့်လိုက်မိသည်။ အရှင့်သားက Entranceမှာပဲ
သူ အမြန်ပြေးသွားတော့ ကျောင်းအပြင်တောင်ရောက်နေလေပြီ။အပြင်ထွက်မည် လုပ်တော့ ကျောင်းစောင့်က အတင်းဆွဲလေသည်။ အမြဲတစေ လူလိမ္မာလေး စံပြကျောင်းသားဖြစ်နေသည့် Patrick Nattawatသည် ဒီနေ့မှာတော့ ကျောင်းလွှတ်ချိန်မဟုတ်ပဲ ကျောင်းအပြင်သို့ ထွက်ချင်နေလေရဲ့။ရုံးခန်းမှ ပြန်လာသော Patrickကို ထူးဆန်းသလို ကြည့်နေသော အတန်းထဲမှသူများကို Patrick ဂရုမစိုက်ပါ။ အမြဲတစေ" Patrick လို ကြိုးစား"
" Patrickလို စာလုပ်ကြစမ်းပါ" ဆိုပြီး စံပြကျောင်းသားဖြစ်ခဲ့တဲ့ Patrick က ယခုတော့ ရုံးခန်းကနေ သြဝါဒခံပြီး ပြန်လာရလေသည်။ ကျောင်းအပြင် အရမ်းထွက်ချင်လို့ ကျောင်းဂိတ်စောင့် တာဝန်ကျဆရာနှင့် ဆွဲလားရမ်းလား ရန်ဖြစ်ခဲ့လို့တဲ့လေ။"P'Nine"
ကိုယ်ခုံမှာကိုယ်ထိုင်ပြီး အနောက်သို့လှည့်ကာ P'Nineအားလှမ်းခေါ်လိုက်သည်။"ပြောလေ..."
"ခုနက လာသွားတဲ့၂ယောက်မှာ အရပ်ရှည်ရှည် ပိန်ပိန် နှုတ်ခမ်းသေးသေးလေးနဲ့ တစ်ယောက် ကို P'သိလား"
စာနှင့် အနုပညာပိုင်းမှလွဲ သူကိုမေးမြန်းခြင်းတစ်ခါမှ မလုပ်ဖူးသော Patrickသည် Oscarညီအကြောင်းမေးလာသည်တဲ့လား။

YOU ARE READING
My Prince
Fanfictionချူတိုင်းပြည်မှာ အိမ်ရှေ့စံနှင့်တန်းတူ အားကိုးရတဲ့ မင်းသားလေးတစ်ပါးရှိတယ်။ သူ့နာမည်ချူခယ့်ယွီ....အဲ့ဒီမင်းသားမှာလည်း သိပ်သဘောကျရတဲ့ လူမျိုးခြား စကားပြန်လေးရှိတယ်။ မထင်မှတ်ပဲ ဒီဘဝမှာ သေကွဲ ကွဲခဲ့ရပေမယ့် ကံကြမ္မာစက်ဝန်းထဲက မထွက်နိုင်သေးတဲ့ အချစ်ငှက်လေ...