""အမုန်းတရားကင်းမဲ့ဇုန်""
Part ( 1)
Brightwin fan fiction boy-love
Author- Angelနောက်ဆုံးပေါ် Klassen luxury စိမ်ခံ ကားကြီး
ကို Win အံ့သြစွာ ငေးကြည့်မိသည်လောကမှာ ဒီလိုကားမျိုး ရှိလိမ့်မယ်လို့ ပင်
သူမထင်ထားခဲ့ မဟုတ်ပါလား"" လာ သားလေး ကားပေါ် တက်
မေမေတို့ အိမ်ကိုသွားရအောင်""ကျက်သရေရှိရှိနဲ့ လှပနေတဲ့ အမျိုးသမီးတစ်ဦးက
ကို့ကို ယုယကြင်နာစွာနဲ့ မေမေလို့ သုံးနူန်းပီး ဖော်ရွယ်စွာ
ပြောလာသည်မို့ Win ဝမ်းသာ မျက်ရည်များပင် ဝဲသွား
ရရှာသည်"" win,,,win ကို အန္တီက
တကယ် မွေးစား မှာလားဟင် ""သူမကို မရဲတရဲကြည့်ကာ ရွှန်းစိုနေတဲ့ မျက်ဝန်းနက်လေး
ထဲ တွဲလွဲခိုနေသည့် မျက်ရည်ဥလေးတွေနဲ့ကြည့်ကာ မေးလာတဲ့
၆ နှစ်သား အရွယ် ကလေး လေးကြောင့် ဒေါ်နမ်သီ
ထို ကလေးကို ပို၍ပင် သနား ဂရုဏာ သက်သွားရလေသည်""ဒါပေါ့ သားရဲ့ ဒီနေ့ကစ
မေမေက သားရဲ့ မေမေပဲ
အန်တီလို့ မခေါ်နဲ့တော့နော် မေမေလို့
ခေါ်ကြည့် ဟုတ်ပီလား ""ဒေါ်နမ်သီ win ရဲ့ ခေါင်းလေးကို ပွတ်ကာ ကြင်နာချိုသာ
သော အသံဖြင့် ပြောသည်မို့ Win နှလုံးသားထဲ နွေးထွေး
သွားရလေသည်'" မေ,,မေ,,
မွေးကတည်းက မေမေဆိုသည့် အသုံးအနူန်းကို တစ်ခါ
မှ မသုံးဖူးခဲ့တော့ မေမေ ဆိုတဲ့ စကားလုံးက win
အတွက် ခက်ခဲစွာနဲ့ လျှာဖျား မှာပင် တင့်ဆို့ သလို ဖြစ်
နေလေသည်"" အင်း,,သားလေး ,တော်တယ် ,,,
မေမေ,,လို့ နောက်တစ်ခေါက်
ထပ်ခေါ်ပါဦး မေမေ ထပ်ကြားချင်သေးလို့,, နော် ""Win ကို မေမေလို့ ရဲဝံ့စွာ ခေါ်နိုင်အောင်လို့ ဒေါ်နမ်သီ
ထပ်ခေါ် ခိုင်းခြင်းပင် ဖြစ်လေသည်""ဟုတ်,,,ဟုတ်ကဲ့ပါ မေ,,,မေမေ,,,
ယဉ်ကျေးလိမ္မာတဲ့ ကလေးငယ်ကို ဒေါ်နမ်သီ အားရ ကျေနပ်
စွာ ပြုံးပြပီး"" အင်း,,ဒီလိုမှပေါ့ သားလေး
နောက် ကျင့်သားရသွားမှာပါနော်"
YOU ARE READING
"အမုန်းတရားကင်းမဲ့ဇုန်""
Fanfictionဒီစံအိမ်ကြီးရဲ့ အပြင်ဖက်မှာ အမုန်းတရား ကင်းမဲ့ဇုန်များ ရှိနေမလား ကျွှန်တော် သွားကြည့်ချင်မိတယ် ( Win) အဲဒီအမုန်းတရားကင်းမဲ့ဇုန်က ဒီ စံအိမ်ကြီးရဲ့ သခင်ဖြစ်တဲ့ ငါ့ ရဲ့ နှလုံးသား ထဲမှာပဲလေ မင်းမှ ဝင် မကြည့်ပဲ ( Bright)