""အမုန်းတရား ကင်းမဲ့ဇုန်""
Part (3) 🌹🌹
Brightwin fan fiction boy-love
Author-Angelမြူတွေအုံဆိုင်းပီး မှောင်မဲနေတဲ့ ဖုန်းဆိုးမြေလို
နေရာ တစ်ခုမှာ လမ်းပျောက်နေရှာသည့် win
ခွေးအူသံလို ငိုကြွေးသံလို အသံကြီးက ရုပ်ရှင်ထဲက
သရဲဇာတ်ဝင်ခန်း လိုပင် ထင်မှတ်မိသည်""Win ဘယ်ရောက်နေတာလဲ ""
""Win ဘယ်ရောက်နေတာလဲ""မြူတွေ မီးခိုးငွေ့တွေကြား win လက်တစ်ဖက်ဖြင့်
ဖယ် သတ်ရင်း ရှေ့ကို ဖြည်းဖြည်းချင်း လျှောက်ကာ
အော်ဟစ် နေမိသည်သည်းထိတ်ရင်ဖိုကြောက်စရာ ကောင်းလွန်းလို့
Win ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်ကာ သွေးပျက်
သလို ပင် ဖြစ်နေရလေသည်""ဟူး,,,ဟဲ,,,,ဟူးဟဲ ""
"" သား ဘယ်ရောက်နေတာလဲ,,,
,,,ကယ်,,ကယ် ကြပါဦး ကယ်ကြပါဦး ,,,Win ပါးစပ်မှ အကျယ်ကြီး အော်ဟစ် ငိုကြွေးကာ
ကမ်းမမြင် လမ်းမမြင် ဖြစ်နေပေမဲ့ ကြောက်ကြောက်နဲ့
ရှေ့ကိုပဲ ဆက်လျှောက် နေမိသည်ခဏမျှ လျှောက် လိုက်တော့ လင်းလက်လက် အရောင်
တစ်ခု ကို မြင်လိုက်ရ၍ သက်ပူ ပြင်းပြင်းလေးပင် ကျ
သွားသလို ခံစား ရလိုက်သည်တစ်ဖြည်းဖြည်း နီးကပ်လာတဲ့ အလင်းရောင်လေးက
Win နဲ့ အနီးဆုံးကို ရောက်လာကာ win မမျှော်လင့်
ထားသော အရာ တစ်ခုကို မြင်လိုက်ရလေသည်""ဖေဖေ""
""မေမေ""* ခင်ဗျားတို့က win ရဲ့ ဖေဖေနဲ့မေမေ လားဟင်""
ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာနဲ့ win နဲ့ ခပ်လှမ်းလှမ်းမှာ
ရပ်ကာ win ကို ကြင်နာချိုဝေ ဂရုဏာ သက်သော
အကြည့်တွေနဲ့ ကြည့်နေသော ယောင်္ကျား နဲ့ မိန်းမကိုWin မြင်လိုက်ရတော့ win ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေမဲ့
အဲဒီ လူ နှစ်ယောက်ဟာ Win ရဲ့ ဖေဖေနဲ့မေမေဆိုတာကို
တပ်အပ် သိလိုက်လေသည်"" ဟုတ်ပါတယ်သားလေး,,
ဖေဖေနဲ့ မေမေ သားလေးကို လာခေါ်တာ
ဖေဖေ ,,မေမေ တို့နဲ့ ပြန်လိုက်ခဲ့တော့နော်
သားလေး မကြောက်နဲ့တော့ နော် ""
YOU ARE READING
"အမုန်းတရားကင်းမဲ့ဇုန်""
Fanfictionဒီစံအိမ်ကြီးရဲ့ အပြင်ဖက်မှာ အမုန်းတရား ကင်းမဲ့ဇုန်များ ရှိနေမလား ကျွှန်တော် သွားကြည့်ချင်မိတယ် ( Win) အဲဒီအမုန်းတရားကင်းမဲ့ဇုန်က ဒီ စံအိမ်ကြီးရဲ့ သခင်ဖြစ်တဲ့ ငါ့ ရဲ့ နှလုံးသား ထဲမှာပဲလေ မင်းမှ ဝင် မကြည့်ပဲ ( Bright)