Ep-2

126 7 0
                                    

""အမုန်းတရား ကင်းမဲ့ဇုန်""
          Part (2)
Brightwin fan fiction boy-love
                                       Author-Angel

ပမထဆုံးကျောင်းဖွင့်ရက်လေးမို့ Brightwinကို
ကျောင်း ပို့ဖို့ အတွက် တစ်အိမ်လုံးပင် အလုပ်ရှုပ်
ကြရသည်

""သားလေး win ဒီနေ့က
ပထမဆုံး ကျောင်းတက်ရမဲ့ နေ့ပဲ
မေမေ လိုက်ပို့ ပေးမယ် နော် သားလေး ""

""ဟုတ်ကဲ့ပါ မေမေ""

""သား Brightလည်း ညီလေးကို
ဂရုစိုက်ရမယ်နော် win က အခုမှ ပထမဆုံး
International school မှာစတက်မှာ
ဆိုတော့  သား ကပဲ အစစအရာရာ ဂရုစိုက်ပေး
ကြားလား ""

မိခင်ဖြစ်သူဧ စကားကို ကြားဟန်ပင် မတူပဲ ပေါင်မှုန့်
ကိုသာ အမွန်းမွန်းကိုက်စားနေသည့် သားကို ဒေါ်နမ်သီ
အားမလို အားမရ ခေါင်း ခါရမ်းမိသည်

Bright ကတော့ စားစရာ ရှိတာ စားပီးသည်နှင့်ကားရှိရာကို
ထွက်လာခဲ့သည် လွန်ခဲ့သည့် သုံးရက် win လေး
အိမ်ကို ရောက်တဲ့ နေ့ကတည်းက ပုံစံအချိုးက မပြောင်း
လဲ သေးပါ လေ

သားဖြစ်သူ bright,, breakfast room မှ ထွက်သွား
တော့ ဒေါ်နမ်သီ win နားကို ကပ်၍

"" ဘယ်လိုလဲ သားလေး
ဒီကြားထဲ ကိုကိုနဲ့ နေရတာ အဆင်ပြေရဲ့လား ""

ဒေါ်နမ်သီရဲ့ အမေးကြောင့် win တစ်ချက် တွေဝေသွား
သည်  လွန်ခဲ့တဲ့ သုံးရက်က brightရဲ့ ဆက်ဆံပုံနဲ့
သူ ဖြတ်သန်းခဲ့ရတာ ကိုလည်း စိတ်ထဲ
မှာ ပြန်လည် ဝင်ရောက်လာခဲ့လေသည်

***********
Win စံအိမ်ကြီးထဲ စရောက်တဲ့ နေ့က အဖြစ်အပျက်တွေ
ပြီးနောက်မှာတော့  ဒေါ်နမ်သီက Brightရဲ့ အိပ်ခန်းမှာပဲ win
အတွက်ပါ နေရာ စီစဉ်ပေးလေသည်

အဝတ်အစား ဗီရို နဲ့ ကျောင်းစာအုပ်လေးတွေ စာဖတ်
ခုံလေးနဲ့ အခြား လိုအပ်တာလေးတွေပါ လိုလေသေး
မရှိ ပြည့်စုံစွာ  ဖြည့်ဆည်းပေးသည်

အိပ်ယာ ကတော့ ကျယ်ဝန်းတဲ့ အိပ်ကုတင်ကြီးဖြစ်တဲ့
အတွက် သား ကိုကိုနဲ့ပဲ အတူတူ အိပ်ရမယ်ဆိုပီး
Win အတွက် သီးသန့် ကုတင် မပေးသဖြင့် win
Brightရဲ့ မွေ့ယာ ပေါ်မှာပဲ ဝင် အိပ် ရမှာပဲ ဖြစ်လေသည်

""မင်းနဲ့ အတူတူ မအိပ်နိုင်ဘူး
မင်းက ငါ့ညီလည်း ဘယ်တော့မှ
ဖြစ်လာမှာ မဟုတ်ဘူး ""

"အမုန်းတရားကင်းမဲ့ဇုန်""Where stories live. Discover now