""အမုန်းတရားကင်းမဲ့ဇုန်""
Part (5) 🌹
Brightwin fan fiction boy-love
Author-Angelရာသီဥတုကို ကြည့်မယ်ဆိုရင်တော့ ဒီညနေခင်းဟာ
အလွန်ပင် သာယာ လှပနေတယ်လို့ ပြောရမည်ပင်Win တစ်ယောက်ကတော့ ထိုညနေအလှကို
ခံစားဖို့ စိတ်မရောက်နိုင်ပဲ ညအိပ်ယာ ဝင်ရင်
Brightကို သူ ဘယ်လို စ, ဖက် ရမယ် ဆိုတာကိုပဲ
စဉ်းစားနေမိလေသည်""ကိုကို သေဘာက် ပါ့မလား ""
စိုးရိမ်ကြီးစွာနဲ့ နူတ်ဖျားမှ တီးတိုး ရေရွတ်လိုက်မိသည်
ဟုတ်ပါသည် သူသာ Brightကို သွားဖက်လိုက်ရင်
ဘာဆက်ဖြစ်မယ်ဆိုတာကို မခန့်မှန်းနိုင်ပါWin ဒီစံအိမ်ကြီးထဲကို ရောက်ကတည်းက Brightရဲ့
အသားကို မထိဖူးသေးသလို, Brightဆီက သူ့ ကို လိုလိုလားလားနဲ့ပြန်ပြောတဲ့ စကားလေး တစ်ခွန်းကိုပင်
သူ မကြားရဖူးသေး မဟုတ်ပါလားဘာပဲဖြစ်ဖြစ် Brightဆီက ညီတစ်ယောက်အဖြစ်အသိအမှတ်
ပြု ခံရဖို့အတွက် Win ,,Prim ရဲ့ အကြံအတိုင်း လုပ်
ဆောင် ရမည်သာ ဖြစ်သည်Win မွေ့ယာ ပေါ် တက်လာတော့ Brightက အိပ်နှင့်
နေပီ ဖြစ်၍ win Brightရဲ့ နားကို တိုးကပ်ကာ""ကိုကို""
အသံကို အလွန်တိုးညင်းစွာ တစ်ခေါက် ခေါ်ကြည့်လိုက်သည်
Brightဆီမှ ဘာ တုံ့ ပြန်မှု့ မျှ မရ သဖြင့် win ထပ်၍ တိုး
ကပ်ကာ ထပ်ခေါ် လိုက်သည်"ကိုကို""
ထပ်ခေါ်လိုက်ပေမဲ့ Bright ကတော့ ဂရုမစိုက်သည့်ဟန်နဲ့
ခန္ဓာကိုယ် ကိုသာ တစ်ချက် ရုန်းရွံလိုက်သည်""ကိုကို့ -လို့ ""
ဒီတစ်ခါတော့ win ကျယ်ကျယ်လေးပင် အော်ခေါ်လိုက်
ခြင်းဖြစ်ပါသည်""ဘာလဲကွာ, အိပ်နေတယ်
မနှေင့်ယှက်နဲ့ ""Bright ရဲ့ မာဆပ်ဆပ်ထို အသံကို ကြားလိုက်ရတော့
Win ကြောက်မိပေမဲ့ ပြုံးလည်း ပြုံးမိလိုက်ပါသေးသည်ဟုတ်ပါသည်လေ ကို့ကို ဘာမှ ပြန်မပြောသည်ထက်စာရင်
ကိုကို့ ဆီက အခုလို ငေါက်ငမ်းသံလေးကို ကြားရရုံဖြင့်
Win ကျေနပ် ပျော်ရွှင် နေမိသည်မဟုတ်ပါလား
YOU ARE READING
"အမုန်းတရားကင်းမဲ့ဇုန်""
Fanfictionဒီစံအိမ်ကြီးရဲ့ အပြင်ဖက်မှာ အမုန်းတရား ကင်းမဲ့ဇုန်များ ရှိနေမလား ကျွှန်တော် သွားကြည့်ချင်မိတယ် ( Win) အဲဒီအမုန်းတရားကင်းမဲ့ဇုန်က ဒီ စံအိမ်ကြီးရဲ့ သခင်ဖြစ်တဲ့ ငါ့ ရဲ့ နှလုံးသား ထဲမှာပဲလေ မင်းမှ ဝင် မကြည့်ပဲ ( Bright)