တောထဲကို၀င်ဖို့လုပ်နေတဲ့စတူးကြောင့် ထရိုက အကို ဟိုရန်ကိုမျက်လုံးနဲ့စကားပြောလိုက်တယ်။အကိုဟိုရန်ကခေါင်းညိမ့်ပြလိုက်တာနဲ့ စတူးရဲ့နောက်ကို ရိုက်လိုက်ပြီးသတိမေ့အောင်လုပ်လိုက်တယ်။ သူအဲ့လိုလုပ်လိုက်တာလဲတွေ့ရောကျန်တဲ့သုံးယောက်က ထရိုကို ပြူးကြောင်ကြောင်လေး တွေနဲ့ကြည့်နေကြတယ်။သူအဲ့သုံးယောက်ရဲ့အကြည့်ကိုလျစ်လျူရှုလိုက်ပြီး စတူးကိုသူ့ပုခုံးပေါ်ထမ်းတင်လိုက်ပြီးတောထဲကနေမြန်မြန်ထွက်ဖို့လုပ်လိုက်ပြီ ကျန်တဲ့လေးယောက်ကိုပါမြန်မြန်ထွက်ခွာဖို့အချက်ပြလိုက်တယ်။
စုရပ်မှာစောင့်နေတဲ့ ခေါင်းဆောင်က စိတ်ပူနေပေမယ့်သူရဲ့မျက်နှာမှာတော့ ဘာမှပေါ်မနေတဲ့အပြင်ရုပ်တည်ကြီးနဲ့ထိုင်နေတယ်။ ချန်းနဲ့ ကလေးတွေအတွက်စိတ်ပူနေပေမယ့် ယောက်ယက်ခတ်နေတဲ့သူ့ရဲ့ပုံစံကို ကျန်တဲ့ကလေးတွေရှေ့မှာပြလို့မဖြစ်ဘူး။သူမျက်နှာမကောင်းရင် သူ့ကိုအားကိုး နေတဲ့ကလေးတွေအားလုံးက ကြောက်လန့်ကုန်ကြလိမ့်မယ်။
ချန်းနဲ့ မက်စ်ကိုတစ်ချက်ကြည့်လိုက်တော့အဲ့ကလေးက သူထက်တောင်အခြေနေပိုဆိုးနေသေးတယ် ။ယောက်ယက်ခတ်ပြီ ထလိုက် ထိုင်လိုက် လမ်းလျှောက်လိုက် ထရိုတို့ထွက်သွားတဲ့ဘက်ကိုကြည့်လိုက်နဲ့ ငြိမ်ငြိမ်ကိုမနေဘူး။ သူ မက်စ်စိတ်ပူနေတာကိုနားလည်ပေးနိုင်ပါတယ်။ ဒီကလေးနှစ်ယောက်ကအတူတူကြီးပြင်းခဲ့တာမို့ တစ်ယောက်မရှိရင်တစ်ယောက်မနေနိုင်ကြဘူး။ ဒါကြောင့်သူမက်စ်ကိုနှစ်သိမ့်ပေးဖို့လုပ်လိုက်တယ်။
"မက်စ် မင်းအရမ်းစိတ်ပူမနေပါနဲ့ ။သူတို့နဲ့အတူ ဟိုရန်လည်းလိုက်သွားတယ်လေ။ ဟိုရန်က သူတို့ကို အမှားမလုပ်အောင် ဂရုတစိုက်နဲ့ ထိန်းကြောင်း ပေးမှာပါ။ သူ့အကိုဟိုနိုင်လောက်တော့ မသန်မာပေမယ့်ဟိုရန်မှာအတွေ့အကြုံ ဗဟုသုတရှိတာမင်းသိပါတယ်။"
"ကျနော် အကိုဟိုရန် အကြောင်းကိုသိပါတယ်။ဒါပေမယ့် ကျနော်ထရိုကိုစိတ်ပူနေတုန်းပဲ"
သူတို့ပြောနေတဲ့အချိန်မှာဘဲ ဟိုစဲ့ ကသူတို့နားကိုပြေးလာပြီး
"ခေါင်းဆောင် ခေါင်းဆောင် ဟိုမှာအကိုလတ်တို့ပြန်လာပြီ "
YOU ARE READING
🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉
Adventureလူသားမျိုးနွယ်စွမ်းအားရှင်တစ်ယောက်ဖြစ်တဲ့ တရန်ဟာ အိပ်နေရင်းနဲ့ ကျောက်ခေတ်ကို ဝိညာဉ်ကူးပြောင်းသွားခဲ့ရတယ်။သူလန့်နိုးလာတော့သူကမြေခွေးတစ်ကောင်ဖြစ်နေခဲ့တယ် ။သူကမျိုးနွယ်စုကိုအန္တရာယ်ပေးနိုင်တယ်လို့ သားရဲနတ်ဘုရားက နိမိတ်ပြတာဆိုပြီးမျိုးနွယ်စုက စွန့်ပစ်...