ယဲ့ချိုသူရှည်လျားတဲ့ခရီးတစ်ခုကိုဖြတ်သန်းခဲ့ရတာမို့ပင်ပန်းတယ်လို့ခံစားနေရတုန်း သူ့ရဲ့နာမည်ကိုခေါ်နေခဲ့တဲ့အသံကြောင့်သူစိတ်တိုလာပြီး ထအော်လိုက်တယ်။
"ငါအိပ်နေတာမတွေ့ဘူးလား!"
ယဲ့ရန်သူ့ကိုတစ်ခါမှမေအာ်ဖူးတဲ့အကိုကအခုသူကိုအော်လိုက်တဲ့အတွက်ကြောင့် သူပြန်အိပ်ေနတဲ့ သူ့အကိုကိုစိတ်ရှုပ်စွာကြည့်လိုက်ပြီး
"အပြင်မှာ ဇီလီရောက်နေတယ် "
'ဇီလီ ဇီလီကသေသွားပြီးမဟုတ်ဘူးလား ငါကလည်းမနေ့ကဘဲသေသွားပြီလေ နေပါအုံးအခုငါကိုနိုးနေတဲ့ သူက ငါ့ညီယဲ့ရန်လား ဒါဆိုငါပြန်မွေးဖွားလာတာလား'
အိပ်နေတဲ့ယဲ့ချိုရဲ့မျက်လုံးတွေကရုတ်တရက်ဆိုသလို့ပွင့်လာပြီး အိပ်နေရာကနေထထိုင်လိုက်ကာ ပတ်၀န်းကျင်ကိုအကဲခတ်လိုက်တော့ သူအရွယ်ရောက်တုန်းကနေခဲ့တဲ့ကျောက်ဂူဖြစ်နေတာကိုတွေ့လိုက်ရတယ်။ပြီတော့သူကို စိတ်ရှုပ်ထွေးစွာကြည့်နေတဲ့သူ့ရဲ့ညီ ယဲ့ရန်ကိုလည်းသူတွေ့လိုက်ရတယ်။
ဒါကြောင့်သူပြန်မွေးဖွားလာတယ်ဆိုတာကို သူ့တစ်၀က်လောက်လက်ခံလိုက်ပြီးနောက်တစ်၀က်ကတော့အတည်ပြုဖို့ဘဲဖြစ်တယ်။
ယဲ့ရန်အခုချိန်ထိ ကြောင်တောင်တောင်နဲ့ထိုင်နေတဲ့သူ့အကိုကြောင့်စောင့်နေရမှာကိုစိတ်မရှည်ဖြစ်လာပြီးသူ့အကိုရဲ့ပုခုံးကိုကိုင်လှုပ်လိုက်ကာ
"အကို ဘာတွေကြောင်နေတာလည်း အပြင်မှာအကိုဇီလီစောင့်နေတယ်လေ"
"ဇီလီ ဟုတ်သားဘဲ"သူအတည်ပြုဖို့အတွက်ဂူအရှေ့ကိုပြေးထွက်သွားလိုက်တယ်။သူဂူအ၀ကိုရောက်တော့လရောင်အောက်မှာမတ်တပ်ရပ်နေတဲ့ ဇီလီကိုတွေ့လိုက်ရတယ်။အခုဇီလီက ဒဏ်ရာတွေနဲ့သေမလိုဖြစ်နေခဲ့တဲ့ဇီလီနဲ့ခြားနားစွာငယ်ရွယ်လွန်းနေသေးပြီး ကလေးရုပ်မပျောက်သေးတဲ့ဇီလီသာဖြစ်နေသေးတယ်။ ဇီလီကိုတွေလိုက်ရတာမလို သူပြန်လည်မွေးဖွာလာတယ်ဆိုတာလုံး၀ကိုသေချာနေခဲ့သည်မို့သူအရမ်းပျော်သွားခဲ့ပြီး သားရဲနတ်ဘုရားကိုစိတ်ထဲကနေလှမ်းပြီးကျေးဇူးတင်လိုက်သည်။
YOU ARE READING
🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉
Adventureလူသားမျိုးနွယ်စွမ်းအားရှင်တစ်ယောက်ဖြစ်တဲ့ တရန်ဟာ အိပ်နေရင်းနဲ့ ကျောက်ခေတ်ကို ဝိညာဉ်ကူးပြောင်းသွားခဲ့ရတယ်။သူလန့်နိုးလာတော့သူကမြေခွေးတစ်ကောင်ဖြစ်နေခဲ့တယ် ။သူကမျိုးနွယ်စုကိုအန္တရာယ်ပေးနိုင်တယ်လို့ သားရဲနတ်ဘုရားက နိမိတ်ပြတာဆိုပြီးမျိုးနွယ်စုက စွန့်ပစ်...