အချစ်လေးတွေအခုတလော updateမတောင်းကြတော့ဘူးလားဟင်🤢🤢 ဖတ်ရတာအဆင်မပြေကြဘူးလား
ခုနကဘဲမြေခွေးလေး လာတောင်းလို့မြန်မြန်ရေးပေးလိုက်ပြီးယဲ့ချိုဇီလီရဲ့မျက် လုံးတွေကိုသေချာဆုံအောင်ကြည့်ပြီး
"ဇီလီ မင်းနောက်ဆိုရင်ငါ့ဆီကိုမလာနဲ့တော့" လိုပြောလိုက်တယ်။သူ့ဒီစကားကိုပြောပြီးတာနဲ့ဇီလီရဲ့ဖြစ်ပျက်သွားမယ့်မျက်နှာကိုလည်း သူအကဲခတ်လိုက်သေးတယ်။သူ့ရဲ့စကားကဇီလီကိုထိုးနှက်ချက်ကြီးကြီးတစ်ခုဖြစ်သွားစေမှာလည်းသူသိနေတယ်။အ ကြောင်းကတော့ဇီလီကသူ့ကိုအရမ်းသဘောကြတယ်ဆိုတာကိုသူအရင်ဘ၀ကတည်းကသိခဲ့လိုပဲ။ ဒါကြောင့်သူ့အနေနဲ့ဇီလီသူ့အနားကိုထပ်မလာနိုင်အောင်ပြတ်ပြတ်သားသားလုပ်ဖို့အစီအစဉ်ဆွဲထားတယ်။
ဒါပေမယ့်ဒီအစီအစဉ်ကလည်းဇီလီအပေါ်မူတည်သေးတယ် ။သူ့အပေါ်ကိုအရမ်းတွယ်ကပ်နေခဲ့မယ်ဆိုရင်တော့ သူ့အရင်ဘ၀က သားရဲသူရဲကောင်းမရောက်ခင်ထိဇီလီကိုကြိုးရှည်ရှည်နဲ့လှန်ထားပြီး အစားအသောက်အတွက်အသုံးချရမယ်။ ဇီလီကမကြာခင်သေတော့မှာမို့ ဒါကတစ် ခနတာအတွက်ဘဲ ရေရှည်အတွက်ဆိုရင်သူကိုပိုးပန်းနေတဲ့ သားရဲတွေကိုဘဲအသုံးချရတော့မှာပေါ့။
ဇီလီ ယဲ့ချိုရဲ့စကားကြောင့်သူတော်တော်ထိတ်လန့်သွားသလို သူရဲ့မျက်နှာကလည်းတဖြည်းဖြည်းနဲ့ရုပ်ပျက်လာခဲ့ပေမယ့် သူ့ရှေ့မှာရှိနေတဲ့လူကယဲ့ချိုမှဟုတ်ရဲ့လားလို့သူသံသယ၀င်လာခဲ့တယ်။တကယ် သူချစ်ရတဲ့ယဲ့ချိုအစစ်ဆိုရင်သူကိုဒီလိုစကားပြောမှာမဟုတ်သလို ဒီလိုမျိုးစိတ်ပျက်နေတဲ့ပုံစံမျိုးနဲ့လည်းကြည့်မှာမဟုတ်ပေ။
"ယဲ့ချိုမင်းငယ်ငယ်ကငါတို့နှစ်ယောက်ကြားထားခဲ့တဲ့ ကတိကိုမှတ်မိသေးလား"
ယဲ့ချို ဇီလီရဲ့ရုတ်တရက်ေမးလိုက်တဲ့အမေးကြောင့် သူအံ့အားသင့်သွားပေမယ့်မျက်နှာမှာမပေါ်အောင်ထိန်းချုပ်လိုက်တယ်။ သူ့ရဲ့ ရုတ်တရက်ဆန်တဲ့အပြုအမူတွေကြောင့်ဇီလီသူ့ကိုသံသယ၀င်သွားတယ်ဆိုတာကိုသူသိလိုက်တာမို့ သူရဲ့မူပိုင်အပြုံးချိုချိုလေးရယ်ရိုးသားတဲ့မျက်နှာ ပေးရယ်နဲ့ ဇီလီကိုဆွဲထားဖို့လုပ်လိုက်သည်။မကြာခင်သေတော့မှာဆိုပေမယ့်လောလောလတ်လတ်တော့ဇီလီကအသုံး၀င်သေးတယ်လေ။
YOU ARE READING
🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉
Adventureလူသားမျိုးနွယ်စွမ်းအားရှင်တစ်ယောက်ဖြစ်တဲ့ တရန်ဟာ အိပ်နေရင်းနဲ့ ကျောက်ခေတ်ကို ဝိညာဉ်ကူးပြောင်းသွားခဲ့ရတယ်။သူလန့်နိုးလာတော့သူကမြေခွေးတစ်ကောင်ဖြစ်နေခဲ့တယ် ။သူကမျိုးနွယ်စုကိုအန္တရာယ်ပေးနိုင်တယ်လို့ သားရဲနတ်ဘုရားက နိမိတ်ပြတာဆိုပြီးမျိုးနွယ်စုက စွန့်ပစ်...